တရုတ်အပလီကေးရှင်းတွေကို ပိတ်ပင်လိုက်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ တရုတ် လူမှုကွန်ရက် (WEIBO) ဝေပိုအကောင့် ကို ဖျက်သိမ်း
တရုတ်နှင့် အိန္ဒိယ တို့သည် နယ်စပ် ထိပ်တိုက်ဆုံမှုပြီးနောက် တင်းမာမှုများ မြင့်တက်လာခြင်း ၏ အကျိုးဆက် အဖြစ် အိန္ဒိယသံရုံး ၏ တောင်းဆိုမှု အရ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ တရုတ် လူမှု ကွန်ရက် ဆီနာဝေပို အကောင့် ကို ဖျက်သိမ်း လိုက်ပြီဖြစ် သည် ။ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီဟာ တရုတ် ရဲ့ တွစ်တာပုံစံ လူမှုကွန်ရက် Sina Weibo မှာဖွင့်ထားတဲ့ သူရဲ့ အကောင့်ကို ဖျက်သိမ်း လိုက်ပြီဖြစ်တယ် လို့  အိန္ဒိယ အစိုးရ သတင်းရင်းမြစ် တစ်ခု နဲ့ Weibo ကုမ္ပဏီတို့ က ပြော ဆို ပါ တယ် …..
မိုဒီသည် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံခရီးစဉ်အတွင်း ဝေပိုတွင် ပထမဆုံးပို့စ်တင်ခဲ့သည်။ မိုဒီသည် ဝေပိုကို များစွာသုံးစွဲခြင်းမရှိခဲ့သော်လည်း ဖောလိုဝါ ၂၀၀၀၀၀ ရှိခဲ့ပြီး ပို့်စ် ၁၀၀ တင်ခဲ့သည်။ မိုဒီ၏အကောင့် ဖျက်သိမ်းသွားပြီဖြစ်ကြောင်း ဆီနာဝေပိုက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံနယ်စပ် ထိပ်တိုက်ဆုံမှုပြီးနောက် အိန္ဒိယ သည် ဆီနာဝေပိုနှင့် တစ်တော့ခ် တို့ အပါအဝင် တရုတ်အပလီကေးရှင်း ဒါဇင်ပေါင်းများစွာ ကို ပိတ်ပင်ခဲ့ပြီးဖြစ် သည် ။ယင်းသို့  ပိတ်ပင်အပြီး ရက်ပိုင်းအကြာမှာ မိုဒီရဲ့ အကောင့်ကို ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။
ပေကျင်းရှိ အိန္ဒိယသံရုံး က မိုဒီ၏ အကောင့်ဖျက်သိမ်းမှုနှင့် ပတ်သက် ၍ တစ်စုံတရာဖြေရှင်းချက် မထုတ်ခဲ့ချေ။ ဝေပိုအကောင့် ရှိသည့် ခေါင်းဆောင် အနည်းငယ်တွင် မိုဒီပါဝင်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ ကနေဒါဝန်ကြီးချုပ် ယာစတင် ထရူဒိုးနှင့် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို တို့လည်း ဝေပိုအကောင့်ဖွင့်ထားသည်။
မိုဒီသည် ဝေပိုအကောင့်မှ တစ်ဆင့် တရုတ် သမ္မတရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီကဲ့ချန် တို့ကို မွေးနေ့ဆုတောင်းပေး ခဲ့ဖူးသည် ။ မိုဒီ၏ ထုတ်ဖော်မှုကြောင့် တရုတ်ခေါင်းဆောင်နှစ်ဦး ၏ မွေးနေ့ကို လူသိများခဲ့ သည် ။ တရုတ် ၌ ထိပ်တန်းခေါင်းဆောင်များ ၏ ပုဂ္ဂလိကဘဝ ကို ထုတ်ပြန်လေ့ မရှိသလို မွေးနေ့အတိအကျကို လည်း ဖုံးကွယ်ထားလေ့ ရှိသည်။
ဆန့်ကျင်ဘက်အားဖြင့် တရုတ်ခေါင်းဆောင်များသည် လူမှုမီဒီယာကိုများစွာသုံးစွဲလေ့မရှိချေ ။ ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာကဲ့သို့ နိုင်ငံခြားလူမှု မီဒီယာများ ကို တရုတ်တွင် ပိတ်ပင်ထားသည် ။
Credit