ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၂၀ ရွေးကာက် ပွဲ ဝင်မပြိုင်တော့ ပါ
ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၂၀ ရွေးကာက် ပွဲ ၀င်မပြိုင်တော့ ပါ
ရန် ကုန်တိုင်းဝန်ကြီးချုပ် ရွေးကောက်ပွဲ ဝင်မပြိုင်တော့ ကျန်းမာရေးကြောင့်ဖြစ်ပြီး ကာယကံရှင် ၏ သဘောဆန္ဒအရ အနား ယူခြင်းဖြစ်သည် ဟု ပါတီဒုဥက္ကဌ ( ၂ ) ဆို
လာမည့် နိုဝင် ဘာ ၈ ရက် တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဒီချုပ်ပါတီ၏ဒုဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့် မောင်က ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအ ပြီး မီဒီယာများ၏မေးမြန်းမှုအပေါ် ဒေါက်တာဇော်မြင့်မောင်က ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘သူ့ကျန်းမာရေးကလည်း မကောင်းဘူးဗျာ။ နဂိုကတည်းကို က အားနည်းချက်ရှိတယ်လေ’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ဆက်လက်၍ ‘‘သူအနားယူချင်တယ်လို့ ကျွန်တော်ကိုပြောတာကြာပါပြီ။ အခုဟာကတော့ တရားဝင်ဖြစ် သွားတာပေါ့’’ဟု ဒေါက်တာဇော်မြင့်မောင်က ဖြည့်စွက်ပြောကြားသည်။ ဦးဖြိုးမင်းသိန်းသည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီ ချုပ် ပါတီကိုယ်စားပြုအနေဖြင့် လှည်းကူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင် ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း လှည်းကူး မြို့နယ် တိုင်းဒေသကြီးကိုယ်စား လှယ်အဖြစ် ဝင်ပြိုင်၍ အနိုင်ရ ကာ ရန်ကုန်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
Credit