ကိုရိုနာဗိုင်းရပ်စ် အပြီးမှာတော့ နောက်ထပ် သတိထားရမဲ့ ဘေးအန္တရာယ်

ပေါက်ဖွားနှုန်း မြင့်ပြီး အင်မတန် မြန်တဲ့ အာဖရိက ကျိုင်းကောင်တွေဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် အိမ်နီချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာရောက်ရှိလို့ နေပါပြီ။ ဒီကျိုင်းကောင်တွေကြောင့် အာဖရိက၊ ပါကစ္စတန် နဲ့ အိန္ဒိယတို့မှာရှိတဲ့ စိုက်ခင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးရတဲ့အတွက် အိန္ဒိယနဲ့ ဘေးချင်းကပ်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ အတော်လေးသတိထားရမှာပါ။ အထူးသဖြင့် အိန္ဒိယ နဲ့ နီးစပ်နေတဲ့ မြန်မာနိုင်ငံက စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်လို တိုင်းနယ်ပြည်နယ်တွေမှာ အထူးသတိထားရမှာပါ။ ဒီလိုသတိထားရမဲ့အကြောင်းကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးက သတိပေးနှိုးဆော်ထားပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကတော့ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၃ ခုကို ကန္တာရကျိုင်းကောင်များဖြတ်သန်းဝင်ရောက်နိုင်သော စောင့်ကြည့်နေ ရာများအဖြစ် သတ်မှတ် ထားပါတယ်။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုရှိမြို့ ၁၃ ခုကို ဖျက်အားပြင်း ကန္တာရကျိုင်းကောင် (နှံကောင်) များဖြတ်သန်းဝင်ရောက်နိုင်သော အန္တရာယ်ရှိ စောင့်ကြည့်နေရာများအဖြစ် သတ်မှတ်ထား ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသိရသည်။

အဆိုပါ ကန္တာရကျိုင်းကောင်များဖြတ်သန်းဝင်ရောက်နိုင်သော နေရာများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေရှီး၊ဟုမ္မလင်း၊တမူးနှင့် ကချင်ပြည်နယ်တွင် ပူတာအို၊မချမ်းဘောဒေသဖြစ်ကာ ရခိုင်ပြည်နယ်တွင် ဘူး သီးတောင်၊မောင်တော၊ရသေ့တောင်၊စစ်တွေ၊ကျောက်ဖြူ နှင့် ချင်းပြည်နယ်တွင် တွန်းဇံ၊ထန်တလန်၊ ပလက်ဝ အစရှိသော နေရာများကို သတ်မှတ်ထားကြောင်းသိရသည်။

အဲဒီကန္တာရကျိုင်းကောင်ရဲ့ သိပ္ပံအခေါ်က ရှက်စတိုစာကာ ဂရက်ဂေးရီးယား (Schistocerca gregaria) ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင် အကောင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကန္တာရကျိုင်းကောင်တွေဟာ အုပ်စုငယ်တွေ ပေါင်းမိသွားရင် အုပ်စုကြီးတွေအဖြစ် မိုင်ထောင်ချီ ပျံသန်းသွားပြီး လမ်းတစ်လျှောက်က စိမ်းစိမ်းမြင်သမျှ စားသောက်ဖျက်ဆီးတတ်တယ်လို့ ဆိုပါတယ်။ အဲဒီအကောင်တွေထဲက အကောင်ကြီးတွေဟာ ၄ စင်တီမီတာကနေ ၆ စင်တီမီတာထိရှိတယ်၊ အဝါရင့်ရောင်၊ ပန်းရောင်ရှိပြီး အတောင်တွေပေါ်မှာ အညိုရောင် အပြောက်တွေ ပါရှိတယ်လို့ ဆိုပါတယ်။

ကျိုင်းကောင်အုပ်စုများသည် ဟိုတစ်စု၊ဒီတစ်စု ကွဲလာကာ သတိမထားမိခင် ဥ ဥချ၊အကောင်းပွားလာနိုင် သည့်အတွက် ထူးခြားမှုများတွေ့ရှိပါက ထိရောက်သော နှိမ်နင်းမှုများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနအဆင့်ဆင့်နှင့် ဆက်စပ် အဖွဲ့အစည်း များကို ချက်ချင်း အကြောင်း ကြားရန် လိုအပ်ကြောင်းသိရသည်။ ကန္တာရကျိုင်းကောင် အကောင် ၁၀၀၀ ရဲ့ သီးနှံ စားနှုန်းဟာ လူ တစ်ယောက် စားနှုန်းနဲ့ ညီမျှလို့ သန်းနဲ့ချီတဲ့ ကျိုင်းကောင်အရေးက သီးနှံစားနပ်ရိက္ခာ စိုက်ပျိုး ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကျိုင်းကောင်ဝင်ရောက်မယ်ဆိုရင် ဇူလိုင်လကုန်၊ သြဂုတ်လဆန်းလောက် ဝင်နိုင်တယ်လို့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

Credit

Facebook Comments

Burmese Online News