မြဝတီမှာ ထိုင်းပြန် မြန်မာတစ်ဦး မိမိကိုယ်ကိုယ် လည်ပင်းကို ဓားနဲ့လှီးပြီး သတ်သေမှု ဖြစ်ပွား

သေဆုံးသူမှာ ဘန်ကောက်ကနေ ပြန်လာတဲ့ အသက် ၂၆နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။ထိုင်းကနေ မြန်မာကို ပြန်လာပြီး မြဝတီစစ်ဆေးရေးဂိတ်ကနေ ကွာရန်တင်းနေရာကိုမပို့ခင်မြန်မာ နိုင်ငံ သားတစ်ဦး မိမိကိုယ်ကို သတ်သေသွားတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“နေ့လည် ၁နာရီလောက်က ဖြစ်သွားတာပါ။သူက ထိုင်းဘက်ကနေ မြန်မာနိုင်ငံကို ကျွန်တော်တို့ မြဝတီဂိတ်က နေတစ်ဦးတည်း ပြန်ဝင်လာသူပါ။ကွာရန်တင်းနေရာကိုသွားမယ့် ဘတ်စ်ကားတွေရပ်နေတဲ့ နေရာမှာ ထိုင်လိုက် လှဲလိုက်လုပ်နေခဲ့ပြီး သူ့ရှေ့မှာတော့ ကားဆရာတစ်ဦးက ကျောပေးပြီးကားမှန်သုတ်နေတယ်လို့သိရပါတယ်။ နောက်က အသံကြားလို့ လှည့်ကြည့်တော့ သွေးအန်နေတယ်ထင်ပြီး ဝိုင်းမပေးကြမှ လှည်ပင်းမှာ ပြတ်ရှဒဏ် ရာတွေ့လို့ ကျန်းမာရေး တာဝန်ရှိသူတွေကို ခေါ်ပြီး ကယ်ဆယ်ခဲ့ပေမယ့် သွေးထွက်လွန်ပြီး နေရာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။”လို့ ဦးတေဇာအောင်က ရှင်းပြပါတယ်။

သေဆုံးသူက ဘန်ကောက်ကနေ ပြန်လာတဲ့ အသက် ၂၆နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဂိတ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေအ ရစိတ်ရောဂါ ရှိသူမဟုတ်ကြောင်းလည်း သိရပါတယ်။ဖြစ်စဉ်အရ လည်ပင်းကို ဓားနှင့်မိမိဘာသာ နှစ်ချက်ဆင့် လှီးဖြတ်ခဲ့ပြီး သွေးထွက်လွန်ကာ ဆေးရုံကို မရောက် ခင် နေရာမှာပင် ကွယ်လွန်ခဲ့တာလို့လည်း သိရပါတယ်။

“သူ့ပုံကြည့်ရတာတော့ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကိုလည်း ဖြတ်ခဲ့အပြီး အကောင်းပါ၊စိတ်ကျန်းမာရေးလည်း ရှိပုံမပေါ်ပါဘူး။ဘာလို့ဆိုတော့မနက်ကပဲ စိတ်ဝေဒနာသည်တစ်ဦးကို ရွာသာကြီး ပို့ထားရတော့ စိတ်ဝေဒနာ သည်နဲ့လည်းမတူပါဘူး။အခုတော့ DBကို ဆေးရုံပို့ထားပြီး ကိုယ့်ဘာသာ သတ်သေတာကိုတော့ မျက်မြင်သက် သေတွေရှိပေမယ့် အမှုတော့ ဖွင့်ထားရပါတယ်။”လို့ ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။လက်ရှိမှာတော့ သေဆုံးသူကို မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြစ်မှုဆိုင်ရာရာဇသတ်ကြီးပုဒ်မ ၃၀၅ နဲ့ တရားစွဲဆိုထားတယ်လို့သိရပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News