အသွား အလာကန့်သ တ်ထား သည့် မလေး ရှားပြန်နှ စ်ဦး စိတ် ကစဉ့်ကလျားဖြစ်၍ ရွာသာကြီးဆေးရုံသို့ပို့ထားရ

Quarantine စင် တာ ၌ အသွားအလာကန့်သတ်ထား သည့် မလေးရှားပြန်အမျိုးသား နှစ်ဦး စိတ်ကစဉ့်ကလျားဖြစ် သည့်အတွက် ရွာသာကြီးဆေးရုံ သို့ ပို့ဆောင်လိုက်ရကြောင်း ဒဂုံ မြို့သစ်တောင်ပိုင်း မြို့နယ်ကျန်း မာရေးမှူးအဆင့်(၁) ဦးထွန်းလှိုင် က ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ အသက် (၂၅)နှစ်အရွယ်နှင့်(၃၀) အရွယ်များဖြစ်ပြီး မလေးရှားနိုင် ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ ဇွန်လ ၂၇ ရက်တွင် ပြန်လည် ရောက်ရှိလာသူများဖြစ်သည်ဟု ၎င်းက ဆိုသည်။

စိတ်ကျရောဂါခံစားနေရသူများ စိတ် ...

‘‘ပြောမယ်ဆိုရင် သူတို့က အရက်ကြောင်ကြောင်တဲ့ပုံစံမျိုး ပေါ့ဗျာ။ သတ်မှတ်ထားတဲ့နေရာ မှာ စည်းကမ်းနဲ့အညီမနေဘူး။ ဟိုသွား ဒီသွားလျှောက်သွား တယ်၊ ပြတင်းတံခါးတွေကို ထု တယ်။ ဒါမျိုးတွေလုပ်လာလို့ မြို့ နယ်ဆရာဝန်ကြီးရဲ့လက်မှတ်နဲ့ ရွာသာကြီးပို့လိုက်တာ ဖြစ်ပါ တယ်’’ဟု ဦးထွန်းလှိုင်က ပြော သည်။ ယင်းအမျိုးသားနှစ်ဦးနှင့်အ တူ ဇွန်လ ၂၇ ရက်တွင် ခရီး တစ်ခုတည်းဖြင့် မလေးရှားနိုင်ငံမှပြန်လည်ရောက်ရှိလာသူ ၁၃၉ ဦးရှိပြီး အားလုံးကို ဒဂုံမြို့သစ် တောင်ပိုင်းရှိ စီးပွားရေးတက္က သိုလ်၌ Quarantine ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အထက်ပါဖြစ်စဉ်အား ဒဂုံ မြို့သစ်တောင်ပိုင်းမြို့နယ်မှတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးညီညီက ‘‘သူတို့က စိတ် မတရားလွတ်နေတာမျိုးတော့ မဟုတ်ဘူး။ အဓိကကတော့ အ များနဲ့အတူထားဖို့ အဆင်မပြေတဲ့ အခြေအနေလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆုံးဖြတ်တဲ့ အတွက် ဆေးရုံပို့လိုက်တဲ့သဘော ပါ။ စိတ်ကစဉ့်ကလျားဖြစ်တာ ပါ’’ဟု ပြောသည်။

ထို့အပြင် အထက်ပါအမျိုး သားနှစ်ဦးကို ရွာသာကြီးဆေးရုံ တာဝန်ရှိသူများက တစ်ယောက် ခန်းများဖြင့် သီးခြားနေထိုင်နိုင် ရန်စီစဉ်ပေးထားပြီး ဆေးကုသ ပေးလျက်ရှိကြောင်း ၎င်းက ဆို သည်။ လက်ရှိအခြေအနေတွင် မလေးရှားနိုင်ငံရှိ မြန်မာအလုပ် သမားအများအပြားမှာ နေရပ် ပြန်ရေး အခက်အခဲများရှိနေ သည့်အပြင် မလေးရှားအာဏာ ပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုများ ရင်ဆိုင်နေရပြီး ထိန်းသိမ်းရေး စခန်းများနှင့် ဆင်းရဲကျပ်တည်း စွာ နေထိုင်ရမှုများကြောင့် မိမိ ကိုယ်ကိုယ် သတ်သေမှုများလည်း ဖြစ်ပွားခဲ့သည်။

ထောင်တွင်း အစာငတ်ခံဆန္ဒပြသူ စိတ် ...

Credit

Facebook Comments

Burmese Online News