ဝေါမြို့နယ်တွင် အလက (ခွဲ) ကျောင်းအုပ်တဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အေးချမ်းသာရပ်ကွက် အလက (ခွဲ) ကျောင်းက ကျောင်းအုပ်ဆရာကြီးရုံးခန်းနဲ့ ကျောင်းအုပ်ဆရာကြီးဆီကနေ WY စိတ်ကြွဆေးပြား ၁၃၀၀ နဲ့ မူးယစ်ဆေးဝါး ICE ၁ ဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးမူးယစ်တပ်ဖွဲ့စု ၃၆ မှ ရဲအရာရှိတဦးက ပြောပါတယ်။

74911770_668089690442909_4697750577076637162_n

ပထမ မိတာက ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၃ နာရီ ၀န်းကျင်က ဝေါမြို့အေးချမ်းသာယာ ရပ်ကွက် ဇီဖဝါလမ်းပေါ်မှာ မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ စောင့်ဆိုင်းနေစဉ် ဝေါမြို့သစ်စက်ရပ်ကွက် တပင်ရွှေထီးလမ်းနေ ဘိုဘိုဇင်(ခ)ဆင်ကြီး ဆိုသူမောင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဘိုဘိုဇင်(ခ) ဆင်ကြီးရဲ့လက်မှာကိုင်လာတဲ့ အအေးစုပ်ပိုက်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈ ပြားကို စတင်မိခဲ့တာလို့ ဆိုပါတယ်။

106284824_668089663776245_264781158340075120_n

အဲဒီနောက် ဘိုဘိုဇင်(ခ) ဆင်ကြီးကို ဆက်လက်စစ်ဆေးရာက ဒီဆေးပြားတွေကို ဝေါမြို့အေးချမ်းသာရပ်ကွက် အခြေခံအလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းအုပ်ဆရာ မောင်မောင်စိုးထံက ၀ယ်ခဲ့တယ်ဆိုပြီး ထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးရုံခန်းကို ၀င်ရောက်ရှာဖွေရာ ကျောင်းအုပ် မောင်မောင်စိုးရဲ့ အင်္ကျီအိတ်ကပ်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပါ ၁ ထုပ်၊ စားပွဲပေါ်က လက်ဆွဲအိတ်အတွင်းမှာလည်း မူးယစ်ဆေးဝါးတွေ ထပ်မံတွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြားစုစုပေါင်း ၁၃၀၀ နဲ့ မူးယစ်ဆေးဝါး ICE ၁ ဂရမ်ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

107043449_668085940443284_5072803758357203970_n

အခုလို မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဘိုဘိုဇင်နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချသူ အလယ်တန်း ကျောင်းအုပ် မောင်မောင်စိုးတို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့် တ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ၁၆(ဂ)/၁၉ က/၂၀(က) တို့ နဲ့ ဝေါမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese Online News