ကမ္ဘာ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံး သေမင်းတမန် ပလိတ်ရောဂါ ပြန်လည်ဖြစ်ပွားနေ

၂၀၂၀ ခုနှစ်ကတော့ လူသားတွေအပေါ်သက်ညှာမှုမရှိပါဘူး။ COVID-19 မပီးခင်မှာပဲ သူ့ထက် ဆရာကျတဲ့ သမိုင်းဝင် ပလိတ်ရောဂါကြီးကို တရုတ်ပြည် Inner မွန်ဂိုလီးယားမှာ ပြန်လည်ဖြစ်ပွားတာကို ဒီနေ့တွေ့လိုက်ရပါတယ်။ ဒီ Black Death လို့ ခေါ်တဲ့ ကမ္ဘာ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံး သေမင်းတမန်ရောဂါကြီးဟာ ၁၄ ရာစုမှာ ဖြစ်ပွားခဲ့ပီး အဲဒီအချိန်က ကမ္ဘာ့လူဦးရေရဲ့ တဝက်နီးပါးရှိတဲ့ လူသန်း ၅၀ ရဲ့ ဇီဝိန်ကို ခြွေခဲ့ပါတယ်။ အဲဒီတုန်းကလဲ တရုတ်ပြည်ကပဲ စခဲ့တာပါ။ နောက် ယူနန်က စတာလဲ တခါရှိပါတယ်။ အဲဒီနောက်မှာ ၂ ကြိမ် Pendemic ဖြစ်ပွားခဲ့တာ ရှိပီး ၁၈၅၅ ခုနှစ်မှာ ဖြစ်ပွားတာက လူပေါင်း ၁၂ သန်းနီးပါးကို သတ်ခဲ့ပါတယ်။ မြန်မာပြည်မှာလဲ တတိယအကြိမ် ပလိတ်ကပ်ဘေးမှာ လူအများကြီး သေဆုံးခဲ့ရပါတယ်။

ပလိတ်ရောဂါ ၃ မျိုးရှိပါတယ်။ Bubonic Plague, Pneumonic Plague နဲ့ Septicaemic Plague တို့ဖြစ်ပါတယ်။ အခု တွေ့ရှိရတာက Bubonic Plague ပါ။ တရုတ်ပြည် Inner မွန်ဂိုလီးယားပြည်နယ်ထဲက လယ်သမားတဦးမှာ တွေ့ရှိရတာပါ။ လက်ရှိမှာ အဲဒီလူကို Q ထားပီး ကုသမှုပေးနေတယ်လို့ သိရပီး အခြေအနေကောင်းတယ်လို့ ဆိုပါတယ်။ တောရိုင်းတိရစ္ဆာန်တွေနဲ့ ကြွက်လို Rodents အကောင်တွေကို မထိကိုင်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပီး ကပ်ရောဂါအဆင့် ထိန်းချုပ်ရေးအစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီရောဂါက ကြွက်လို ရှေ့သွားကြီးနေတဲ့ Rodents ဆိုတဲ့အကောင်တွေကနေ တဆင့် ကူးစက်ပါတယ်။ အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်၊ အဆစ်အမြစ်နာမယ်။ ပျို့အန်မယ်။ မကုသပဲထားရင် ၈ ရက်အတွင်း သေဆုံးနိုင်ပါတယ်။ ပြန်ရည်ကြိတ်တွေကို တိုက်ခိုက်တတ်လို့ ချိုင်း၊ ပေါင်ခြံအစရှိတဲ့နေရာက အကြိတ်တွေမှာ Buboes လို့ခေါ်တဲ့ အကြိတ်နာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

အကြိတ်တွေအရွယ်က တခါတလေ ပန်းသီးလောက် တခါတလေ ကြက်ဥလောက်ထိ ရှိတတ်ပါတယ်။ သွေးအန်တာမျိုးလဲ ရှိတတ်ပါတယ်။ သူ့ရဲ့ ကြောက်စရာအကောင်းဆုံးအချက်က သေနှုန်းအလွန်မြင့်တာပါပဲ။ ဒါပေမယ့် Antibiotics တွေ ပေါ်လာပီးတဲ့နောက်မှာတော့ သူ့ရဲ့ သေနှုန်းက ၁၁% အထိ လျှော့ကျသွားပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းမှာ လူ့အသက်ပေါင်းများစွာကို နှုတ်ယူခဲ့တဲ့ သေမင်းတမန်ရောဂါတခုကတော့ ပြန်လည်ပေါ်ထွက်လာပြန်ပါပီ။ ဒီဇင်ဘာလကုန်က ကျနော် မထင်မရှားပဲ ရေးတင်ခဲ့တဲ့ ဝူဟန်မြို့က COVID ဟာ ကမ္ဘာကြီးကို အကြီးအကျယ် ဒုက္ခပေးနေဆဲဖြစ်သလို အခု ပလိတ်ရောဂါကတော့ ထပ်မံဒုက္ခမပေးတော့ပဲ တရုတ်ပြည်မှာပဲ ရပ်တန့်သွားဖို့ မျှော်လင့်ရပါတယ်။

COVID နဲ့ မတူတာကတော့ သူက Yersinia Pestis လို့ခေါ်တဲ့ Bacteria က ဖြစ်တာဖြစ်လို့ သူ့အတွက်က ကုသဖို့ Antibiotics တွေ အသင့်ရှိနေတာပါပဲ။ လူသားဆိုတာကတော့ ဖြတ်သန်းရတဲ့ခေတ်မှာ ကျရောက်လာသမျှကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကြရမှာက ဘဝပေးတာဝန်ပါပဲ။ အကောင်းဆုံးကို မျှော်လင့်ရင်း သတိမပြတ် ရှေ့ဆက်ကြပါစို့။

After bubonic plague confirmed, Chinese officials urge precautions ...
(Nay Thway)

Facebook Comments

Burmese Online News