မြောက်ဥက္ကလာပ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ

ယနေ့ (ဇူလိုင် ၇ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ကြိုးတံတားပေါ်မှ လူတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ရှာဖွေကယ်ဆယ်ရေးများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ” သူကသုံးဘီးကယ်ရီသမားလို့ သိရတယ်။ အဲ့ဒါသူက ဖိနပ်ချွတ် ၊အကျီ င်္ချွတ်ပြီး ခုန်ချသွားတာပေါ့။ ခုန်ဆင်းသွားတာကို အမျိုးသမီးတစ်ယောက်တွေ့တယ်လို့ ပြောတယ်။
အဲ့ဒါကို သက်ဆိုင်က ခေါ်ပြီးစစ်နေတယ်လို့ သိရတယ်။


ရှာဖွေတာမတွေ့သေးပါဘူး။ ရေကျချိန်ဖြစ်တဲ့အတွက် မီးသတ်အဖွဲ့က ရှာဖွေက အခက်အခဲရှိတယ် နဲ့တူတယ်။ အခု ရှာဖွေရေး ရပ်နားထားပြီးတော့ စောင့်မယ်လို့ ပြောတယ်ဗျ” ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သောWe Love North Okkalapa ပရဟိတအသင်းမှ
ကိုမိုးဆက်က ပြောသည်။


အခင်းဖြစ်ပွားရာ နေရာသို့ မြောက်ဥက္ကလာ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၊ ကရုဏာကမ်းလက်အသင်း (မြောက်ဥက္ကလာအသင်းခွဲ)၊ ကြက်ခြေနီတပ်ဖွဲ့၊ We Love North Okkalapa ပရဟိတအသင်း၊ အသင်းများ လာရောက်ခဲ့ကြပြီး လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ခေတ္တရပ်နားထားပြီး အခြေအနေကို စောင့်ကြည့်လျှက်ရှိနေကြောင်း သိရသည်။

ပြည်မြန်မာ

Facebook Comments

Burmese Online News