တစ်ယောက် နဲ့တစ်ယောက် ချစ်မဝ နိုင်ဖြစ်နေကြတဲ့ ရွှေထူး နဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံ

ချစ်သူသက်တမ်းသိပ်မကြာဘဲ အိမ်ထောင်ရှင်ဘဝကို ရောက်သွားခဲ့တဲ့ ရွှေစုံတွဲလေးကတော့ အိမ်ထောင်ရှင်ဘဝမှာလည်း ချစ်သူဘဝကလိုပဲ ကြင်နာဆဲ ချစ်ဆဲ ဂရုစိုက်နေဆဲပါပဲ။ ဘယ်လောက်ပဲအလုပ်တွေရှုပ်ရှုပ် အပြန်အလှန်အချိန်ပေးရင်း ကြည်နူးစရာလေးတွေကို ဖန်တီးပေးနေဆဲပါပဲ။ အသက်ငယ်သေးတဲ့ရွှေမှုံကြောင့် ရွှေထူးတစ်ယောက် ကလေးလိုချင်ပေ မယ့် မယူသေးဘူးလို့ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း နှစ်ယောက်သားက ပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်ရှင်ဘဝကို ပိုင်ဆိုင်နိုင်ပြီး ကိုယ်ပိုင်အလုပ်တွေမှာလည်း အောင်မြင်သူတွေ ဖြစ်သလို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါတယ်။ အပြန်အလှန်အကြံလေးတွေပေးရင်း အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပုံဖော်နေကြသူနှစ်ယောက်ပါ။

တစ်ယောက်နဲ့တစ်ယောက်ကလည်း သိပ်ချစ်သလို နှစ်ယောက်သားရဲ့ကြည်နူးစရာပုံလေးတွေ ကိုလည်း လူမှုကွန်ရက်မှာ မကြာခဏဆိုသလို တင်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချစ်ကြည်နူးနေတဲ့ ပျော်စရာပုံရိပ်လေးတွေကို ” ညနေခင်းတွေက သူနဲ့မှ ပြည့်စုံတာမျိုး ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်နေကြတာ တကယ်ကိုပျော်စရာကြီးပါ။

Facebook Comments

Burmese Online News