The Sun သတင်းစာကို သရုပ်ဆောင် ဂျွန်နီဒပ် တရားစွဲ

ဇနီးဟောင်းကို နှိပ်စက်တယ်လို့ ရေးသားဖော်ပြတဲ့ The Sun သတင်းစာကို ဂျက်စပဲရိုးလို့ လူသိများတဲ့ သရုပ်ဆောင် ဂျွန်နီဒပ်က အသရေဖျက်မှုနဲ့ တရားစွဲခဲ့ပါတယ်။လန်ဒန်မြို့ တရားရုံးကို ဇူလိုင် ၇ ရက်က သရုပ်ဆောင် ဂျွန်နီဒပ်နဲ့ ဇနီးဟောင်း သရုပ်ဆောင် အမ်ဘာဟာ့ဒ်တို့ လာရောက်ခဲ့ပါတယ်။

Johnny Depp: 'Recordings will reveal the true nature of Amber ...

၂၀၁၈ ခုနှစ်က The Sun သတင်းစာ ဆောင်းပါးမှာ ဂျွန်နီဒပ်ဖ်ကို မိန်းမနှိပ်စက်သူဆိုပြီး ဆောင်းပါး ရေးခဲ့တဲ့အတွက် ဂျွန်နီဒပ်က သတင်းစာထုတ်ဝေသူနဲ့ အက်ဒီတာချုပ် ဒန်းဝူဒန်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာပါ။သရုပ်ဆောင် ဂျွန်နီဒပ်နဲ့ အမ်ဘာတို့ဟာ ၂၀၁၅ ဖေဖော်ဝါရီလက လက်ထပ်ခဲ့ပေမယ့် ၁၅ လအကြာမှာတော့ အမ်ဘာက တရားဝင် ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။

Johnny Depp | POPSUGAR Celebrity

အမ်ဘာက သူတို့နှစ်ယောက် တွဲနေစဉ်ကာလမှာ ဂျွန်နီဒပ်က သူ့အပေါ် ရုပ်ပိုင်းနှိပ်စက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ဂျွန်နီဒပ်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese Online News