ကိုဗစ်လူနာအမှတ်၂၄၉ ပိုးကင်းစင်သဖြင့် မိုးမောက်ဆေးရုံမှ နေအိမ်ပြန်

ကချင်ပြည်နယ်က ဒုတိယပိုးတွေ့လူနာအမှတ် ၂၄၉ ကျန်းမာရေးဝန်ထမ်းဟာ ၂ ကြိမ်စစ်ဆေးပြီး ရောဂါပိုးမတွေ့တာကြောင့် မိုးမောက်ဆေးရုံဆင်းခွင့်ရပြီး ရွှေကူမြို့နယ် မိုးစစ်ကျေးရွာရှိ နေအိမ်ကို မနေ့ညက ပြန်သွားပြီလို့ သိရပါတယ်။

Case249 recover 1

လူနာအမှတ် ၂၄၉ ဟာ လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းကျေးရွာမှာကျန်းမာရေးဌာနမှာ တာဝန်ကျ ဝန်ထမ်းဖြစ်တဲ့အတွက် လွယ်ဂျယ်မြို့ နယ်စပ် အဝင်အထွက်ဂိတ်ပေါက်မှာ မေလနဲ့ ဇွန်လအတွင်း ရက်ပိုင်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။နယ်စပ်တာဝန်ကျဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးရာမှ ဇွန် ၁၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ ဗန်းမော်ဆေးရုံကြီးမှာ တက်ရောက်ခဲ့ရတာပါ။

Case249 recover 2

ဗန်းမော်ဆေးရုံကြီးမှာ ဇွန် ၂၄ ရက်နဲ့ ဇွန် ၂၉ ရက်နေ့တွေက ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ၂ ကြိမ် ပိုးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Case249 recover 5

လူနာအမှတ် ၂၄၉ ကို ရွှေကူမြို့နယ်ဆရာဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအသင်းတွေက နုတ်ဆက်ခဲ့ကြပြီး နေအိမ်မှာ Quarantine ဆက်နေသွားမယ်လို့ သိရပါတယ်။

Case249 recover 3

ကချင်ပြည်နယ်က ပိုးတွေ့လူနာအမှတ် ၁၄၄ နဲ့ ၂၄၉ တို့ဟာ ဘယ်နေရာ သယ်သူ့ဆီက ကူးစက်လာမှန်း မသိရသလို သူတို့နဲ့ထိတွေ့ခဲ့သူတွေလည်း ကူးစက်မခံခဲ့ရဘူးလို့ သိရပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese Online News