အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ယုတ်ညံ့တဲ့လုပ်ရပ်တစ်ခုပါလို့ ဆိုလာတဲ့ ကျော်ထက်အောင်

ကျော်ထက်အောင်ကတော့ မြန်မာအိုင်ဒေါ Host တစ်ယောက်အဖြစ်ကနေ ပရိသတ်အားပေးတဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်အဆင့်ဆင့်လျှောက်လှမ်းလာသူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများကြီးရိုက်ကူးနေရတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ထက်မြက်ဖို့ အမြဲကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Kyaw Htet Aung

စံပြအနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အားပေးချစ်ခင်နေရတဲ့ကျော်ထက်အောင်ကတော့ ဒီနေ့မှာ Australia’s Got Talent ကဗွီဒီယိုလေးတစ်ခုနဲ့အတူ အိမ်တွင်းအကြမ်းဖက်မှုတွေကို အပြင်းအထန်ရှုတ်ချကြောင်း မျှဝေလာခဲ့ပါတယ်။ “ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီအရေးတွေကြုံနေရတဲ့အမျိုးသမီးထု ရှိပါတယ် ……ဒါကို အိမ်တွင်းရေးပဲ ဆိုပြီးအရေးတယူမရှိတတ်ကြပါဘူး…… ချစ်လို့ပဲယူထားထား …. ပေးစားလို့ပဲယူထားထား….. အိမ်ထောင်သည်တွေမှမဟုတ်ပါဘူး….တခြားသောသူတွေကိုလည်း လုပ်မိနေတတ်ပါတယ်“အိမ်တွင်းအကြမ်းဖက်” (Domestic Violence) ဆိုတာ ယုတ်ညံ့တဲ့လုပ်ရပ်တစ်ခုပါ…….လူသားချင်းတန်ဖိုးထား ချစ်ခင်တတ်ပါစေ” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

Kyaw Htet Aung

ဒီဗွီဒီယိုလေးထဲမှာတော့ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေအတွက် Somewhere only we know ဆိုတဲ့သီချင်းလေးကို အမျိုးသမီးတွေအများကြီးနဲ့ ကြက်သီးထစရာကောင်းလောက်အောင် သီဆိုထားတာပါ။ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစားနေရတဲ့အမျိုးသမီးတွေ ကမ္ဘာအနှံ့အပြားမှာရှိနေတာဖြစ်ပြီး ဒီအမျိုးသမီးတွေရဲ့ သနားစရာအဖြစ်ကို ကိုယ်ချင်းစာတဲ့ ကျော်ထက်အောင်ကတော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ယုတ်ညံ့တဲ့လုပ်ရပ်တစ်ခုပါဆိုပြီး မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Credit

Facebook Comments

Burmese Online News