လွိုင်ကော်မှ ဝက်ခြံအချို့မှာ အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေ

ဒီရောဂါကြောင့် ဝက်အကောင်ရေ ၂၀၀ ခန့်သေဆုံးခဲ့ရပါတယ်။ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပီကင်း‌ကောခူကျေးရွာက ဝက်မွေးမြူရေးခြံတချို့မှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုတွေရှိနေပြီး ဝက်အကောင် ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ လွိုင်ကော်မြို့နယ် ‌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေ သိရတယ်။

ဒါကြောင့် လတ်တလောမှာ ဝက်မွေးမြူရေးခြံတွေကို အသွားအလာကန့်သတ်တဲ့အနေနဲ့ ခြံနဲ့ သုံးကီလိုမီတာဝန်းကျင်ကို ရောဂါထိန်းချုပ်နယ်မြေသတ်မှတ်ပြီး အဝင်အထွက်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် မွေးမြူရေးခြံမှာ နောက်ထပ် ခြောက်လအတွင်း ဝက်မွေးမြူခွင့်မရှိဘူးလို့လည်းသိရပါတယ်။

Pork and beef producers ask USDA to buy meat and speed up stimulus ...

” မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ စစ်ဆေးချက်များအရ အာဖရိကဝက်အပြင်းဖျားရောဂါလို့ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ တုပ်ကွေးမဟုတ်ပါဘူး ” လို့ လွိုင်ကော်မြို့နယ် ‌မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစိုးညွန့်ကပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကစတင်ပြီး ပီကင်း‌ကောခူကျေးရွာက ဝက်ခြံတချို့မှာ ဝက်တွေ ရာဂဏန်းအထိသေဆုံးမှုရှိခဲ့တာကြောင့်ဝက်ခြံကနေ ဓာတ်နမူနာရယူပြီး မန္တလေးကိုပေးပို့ စစ်ဆေးခဲ့ရာ အဲ့ဒီဝက်တွေမှာ အာဖရိကဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ တွေ့ရှိခဲ့ရတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။

အာဆီယံသန့်ရှင်းသောမြို့တော်ဆု ...

ဒါကြောင့် အာဖရိကဝက်အပြင်းဖျားရောဂါကူစက်ခံရပြီး သေဆုံးသွားတဲ့ဝက်တွေကို မြေကြီး ၆ ပေအနက်တူးပြီး မြေမြုပ်လိုက်တယ်လို့လည်းသိရပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာအဓိက ဖြစ်ပွားနေပြီး ဒီရောဂါက လူကိုတော့ လုံးဝမကူးစက်နိုင်ကြောင်းလည်း သိရပါတယ်။

Facebook Comments

Burmese Online News