အာဇာနည်နေ့တွင် ဥသြဆွဲရန်နှင့် ကားဟွန်းတီးရန် သမ္မတရုံး ညွှန်ကြား

လာမယ့် ဇူလိုင် ၁၉ ရက် ၇၃ နှစ်မြောက် အာဇာနည်နေ့မှာ နိုင်ငံတဝန်း မြန်မာနိုင်ငံအလံကို တိုင်တဝက်ချ လွှင့်ထူဖို့၊ ဥသြဆွဲဖို့နဲ့ ကားတွေဟွန်းတီးကြဖို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားပါတယ်။

အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးဖို့နဲ့ အဲဒီအချိန်မှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေ ခဏရပ်ပြီး ဟွန်းတီးစေဖို့လည်း အစိုးရဌာနအားလုံးက လက်အောက်ဌာနအဖွဲ့အစည်း အဆင့်ဆင့်ကို ဆက်လက်ညွှန်ကြားထားပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် နိုင်ငံတော်အဆင့် အာဇာနည်နေ့အခမ်းအနားအတွက် ဒီကနေ့မနက်က အစမ်းလေ့ကျင့်ရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါတယ်။

အာဇာနည်နေ့ တွင် လုံခြုံရေး အင်အား ၅ ...

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်) တို့မှာ နှစ်စဉ်ပြသနေကျဖြစ်တဲ့ အထူးပွဲတွေကို ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလဖြစ်လို့ အွန်လိုင်းကနေပဲ ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese Online News