လွန်ခဲ့သော ၁၄ နှစ်က လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးနေသူကို ဖမ်းမိ

သာယာဝတီမြို့တွင် လွန်ခဲ့သော(၁၄)နှစ်က လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးနေသူကို ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၂ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ သာယာဝတီခရိုင်၊သာယာဝတီမြို့၊ဈေးပိုင်းရပ်ကွက်၊ဈေးလမ်းတွင် ဇူလိုင် ၈ရက် မွန်းလွဲ၂နာရီခန့်က သုံးဆယ်မြို့၊ အောက်လက်ပံခုန်ရပ်ကွက်နေ ဦးဝင်းဦး ( ၅၅ )နှစ်ကို တရားခံပြေးအဖြစ် မသင်္ကာသဖြင့် ရဲတပ်ကြပ်ကျော်သန်းဦးနှင့်အဖွဲ့က စစ်မေးခဲ့သည်။

Myanmar Online News: သာယာဝတီဗဟိုအကျဉ်းထောင် ...

၎င်းသည်သာယာဝတီမြို့မရဲစခန်းက( ပ ) ၅၂၂ /၂၀၀၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ၊ကျင့်၅၁၂အမှုမှ တရားခံပြေးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

တရားခံပြေးဦးဝင်းဦးသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ် ရက်/လ မမှတ်မိနေ့က သာယာဝတီမြို့နယ် ကိုးပင်ရိုးကျေးရွာနေ ” ဦးဌေးကြွယ်”ဆိုသူအား သတ်ခဲ့ပြီး ကရင်ပြည်နယ်ဘုရားသုံးဆူနယ်စပ်သို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် ဇနီးရှိသူနေထိုင်ရာ သုံးဆယ်မြို့ရှိ အောက်လက်ပံခုန်ရပ်ကွက်သို့ ပြန်လည်ရောက်ရှိနေထိုင်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News