ရဲမေ တစ်ယောက် ကိုယ်တိုင် နှဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ် မန္တလေးညတစ်ည

ညကြီး မိုးချူပ် အဆော င်က ဂျူနီယာ ညီမလေး ခွင့်ပြန် လို့ ကယ်ရီ နဲ့ သွားရလာရတာ စိတ်မချလို့ ကိုယ်တိုင်သွားကြိုသွား ပို့ လုပ်ပေး တယ် . . အပြန် တစ်ယောက်တည်း အုပ်စုဖွဲ့ လိုက်ခံ ရ တယ် ။ လက်ထဲကဖုန်း နာရီကြည့်မိတော့ ၁၀နာရီ ၅မိနစ် ကိုယ့်နောက် လိုက်လာကြတာလား သူတို့ခရီး သူတို့ရှေ့ဆက်ကြ တာလား..? သေချာအောင် ကိုယ့်ဆိုင်ကယ် ကို အရင် အရှိန်တင်တယ် . .ဒီကောင်တွေ လိုက်ကပ် တယ်ပြန်ပြီး အရှိန်လျော့ပ စ်တယ် . .ကျော်သွားပြီး ကိုယ့်ဘေးပြန်ကပ်ကြ တယ် . . ဘောဂသီရိကနေ.နှင်းဆီဝိုင်းအကျော် ၊ လူသူကလည်းပြတ် ကားလေးကတစ်စီးစ နှစ်စီးစ..ဆိုင်ကယ်နဲ့ ပတ်ပြေးရအောင်လည်း ဒင်းတို့က စူပါဖိုး ၂စီး ၁စီးက မခေါ်တတ်ဘူး. ဆိုင်ကယ် ယှဉ်စီးတောင် ကိုယ့်စကေး အ့လောက် မညံ့ဘူး . .ငယ်ငယ် ကတည်းက ရွာလမ်း လယ်ကွင်း ဘောင်ပြားလေး ကို လေဗာကုန် သုတ်ခဲ့တာကိုခက်တာက… အ့ဒီစူပါဖိုးတွေကို ကိုယ့် 110 လေးက မပြေးပါနဲ့ မလွတ်ဘူးဆိုတာ ပြောနေသယောင်ယောင် ကွကိုယ် ” ရဲ “မကလို့ နီနေနေ. . .အကြမ်းဖက်ဆင်းမကလို့ အနုဖက်ဆင်းနေနေ…ဆိုင်ကယ်၃စီး လူ၆ယောက် ကို မှောက်သွားအောင် ဖိုက်ရအောင် ကိုယ် က ရုပ်ရှင်ထဲက ဂျက်မ မှ မဟုတ်တာ ဖြစ်ပြီဟေ့ ဆိုရင်လည်း..သူသေ ကိုယ်ကြေ ချဖို့ သတိ ကလည်း..ကပ်နေရသေးတယ် အနိုင်အရှူံးက လေ့ကျင့်ရေးထဲက ကြိုးဝိုင်းမှာ လို ဒဏ်ရာရဖူးယောင် နဲ့ မပြီးနိုင်ဘူး. . . ရှူံးရင် အချိန်ကာလနဲ့ နေရာဒေသ အရ လူသတ်လုယက် မုဒိန်းမှုတော့ ဖြစ်မှာပဲ. . .ဖြစ်သွားရင် လည်း ငါလည်း ဘဝတုံး . . ရဲမေဟ ရဲတပ်ဖွဲ့ဟနဲ့ ငါ့ကြောင့် ငါ့တပ်ဖွဲ့လည်း သိက္ခာကျရဦးမယ်။

ရဲမေတစ်ယောက်ရေးထားတဲ့ ရင်ဖွင့်စာ ...

တာဝန်နဲ့ ထွက်လာတာ မဟုတ် တဲ့ အတွက် ပြသာနာဖြစ်ရင်တောင် ဟိုကောင်တွေက မှောက်ကုန် ပါပြီတဲ့. . .ကိုယ်လည်း မပြီးသေးဘူး . . .ကိုယ်က အရေးထပ် ယူခံရဦးမယ်. . .ဘာမှစဉ်းစားမနေ နဲ့. . ဘယ်နိုင်ငံမှာမှ မရှိတဲ့ဥ ပဒေ ဒီနိုင်ငံ မှာ ရှိနေတယ်..”ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေ”တွေးလည်းတွေး စိုးလည်းစိုးရိမ် နဲ့ . လူမပြတ်မီးမပြတ်တဲ့လမ်းပဲပတ်မောင်းေ နမိတာ . . ဆီကတော့ ဖြည့်ပြီးသားမို့ ၃၀၀၀ဖိုးက ကမ္ဘာပတ် ..ရသေးတယ်..မီးပွိုင့်ကျ..ဘေးကယှဉ်စီးတဲ့ သူတောင်းစားက..မျက်စိမှိတ်ပြ တယ်. . . ကြည့်မိတာ ကိုက ငါ့အမှား.စိတ်ထဲကနေ ကျိတ်ဆဲ မိတယ် ”သဒေါင်းစားကြီး”ဘုရားကြီးမီးပွိုင့်ကနေ ညာကွေ့ပန်းခင်းလမ်းထိပ်…ရှေ့ဆို ညာချိုး ရင် ရဲတိုင်းရုံး ထဲရောက်ပြီ . . .ဒါပေမယ့် မရောက်ခင် မီတာ ၇၀၀ ၁၀၀၀ ခန့်က မီးပြတ်လူပြတ်လမ်းကြီး ကွေ့မဝင်ရဲဘူး. မလိုလား အပ်တဲ့ပြသာနာတွေ .ဖြစ်သွားနိုင်တယ် ကိုယ့်ရုံးရှိရာ မကွေ့ဘူး . . ဆက်မောင်းလာ တယ် . . .ဒီကောင်တွေကို ငါဘယ်လိုထားခဲ့ရမလဲ…? . သူတို့ဘက်က စ လာရင် ငါ ဘယ်လိုကာကွယ်ရမလဲ…? . ငါ ဘယ်လိုတွေ ပြင်ဆင်သင့် လဲ..? ငါ ဘယ်လိုချမလဲ…? . . ကိုယ်ခံပညာတွေ မှတ်မိသ လောက် လည်း စဉ်းစားတယ်.. တွေးနေတာလည်း..ရင်တဒိန်းဒိန်း နဲ့ ဘုရားစာလည်း ရွတ်နေတာ ပဲ. . .သံဗုဒ္ဓေ ရော ဂုဏ်တော်ကိုးပါးရော . . .သရဏဂုံလည်းရွတ် . .ရသမျှဂါထာ အကုန်ရွတ်ဆို ရုပ်ပေါက်တွေကလည်း..မာဖီးယားဂိုဏ်းက ဘယ်လက် ရုံးညာ လက်ရုံးဆိုဒ် နဲ့ . . .ဆေးမှင်ကြောင်တွေရောပဲ ကားတစ်စီးလာတော့..ကိုယ်က . .အ့ကားနား ကပ်လိုက် မီးပွိုင့်မိတော့..သကောင့်သားတွေ နဲ့ ယှဉ်ရပ်မိပြန်ပြီ.. ဒီတစ်ခါ.. ဒင်း တို့ကို.မကြည့်ဘူး . . .ခပ် တည်တည် ပဲ… အဲ့မှာ.လက်က . . .ဖုန်းပါဝါခလုတ်နှိပ်မိတော့ အဟီး ကိုယ့်အခွက်ကြီးပေါ်လာတယ်။ ယူနီဖောင်းကြီးနဲ့.. အ့မှာ. တစ်ကောင်က ဒါ ကို မျက်လုံး ရောက်တော့ . .ကိုယ်က စပြီ

ရဲမေ တစ်ယောက် ကိုယ်တိုင် နှဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ် မန္တလေးညတစ်ည

ခပ် တည်တည်ပဲ ဖုန်းတွေကောက်ခေါ် ”ဟယ် လို ဗိုလ်ကြီး.ပေါ်တာဆွဲဖို့က လူဘယ် နှစ်ယောက်လဲ ၃၀ ဟုတ်လား ဗိုလ်ကြီး..အခု ဒီထောင့်က ကင်းပုန်းထွက်လာ လိုက်တော့.ပန်းခင်းလမ်းမှာ ၂ယောက်တွေ့တယ် . .ဆွဲလို့ရပြီ..ပီးရင် မြင်းရုပ်ဘေးနားမှာ မှောင်ရိပ်ခိုနေတာ ၁ယောက်..အ့နားက ကင်းပုန်းလည်း ထွက် ဆွဲလိုက် တော့ ဗိုလ်ကြီး..ကျွန်တော် ပတ်လိုက်ဦးမယ်. . . ဟုတ် ဗိုလ်ကြီး..ကျန်တဲ့ ကင်းပုန်းတွေလည်း ဆွဲဖို့ထုတ်ဖို့ ထပ်ပြောမယ် ဗိုလ်ကြီး..ဟုတ်ဗိုလ်ကြီး လေးစား..” မီးမစိမ်းခင် ရှေ့က ကားလည်း ရှိတုန်း လိုရင်း ကို မြန်မြန်ပြောရသေး . . မဟုတ်..ဖုန်းတောင် လုသွားနိုင်တယ်.. ” ဟာ အမက ရဲမေလား..” စလာပါပြီ..မာဖီယားဂိုဏ်းစတား ရုပ်နဲ့ကောင် က မီးကလည်း မစိမ်းသေးဘူး ။” ဟုတ်တယ်..ပေါ်တာ ဆွဲ ဖို့ လူလိုက် စုနေတာ ခင်ဗျားတို့ ဝင်မလား..လစာ၂ သိန်းနီးပါး ရတယ် ထောက်ပံ့ကြေးတွေရော .ရတယ်..စားရိတ်ငြိမ်းခေါ်ပါ့ မယ်ဗျာ ရဲထဲဝင်ပါ့လား.ကျွန်တော်တောင် ရဲမေလုပ်ရတာ အဆင်ပြေ တယ်ဗျ . . .အခုဒီနား မှာ ကင်းပုန်း ချထားတဲ့ ကျွန်တော့်တပ်စိတ် ရှိတယ် စိတ်ဝင်စားရင် အကိုတို့ တစ်ခါတည်းလိုက်ခဲ့ လို့ရတယ်” ခပ်တည်တည်ပဲ ဖောရတာပေါ့..မီးလည်း အစိမ်း ” မလုပ်ချင်ပါဘူး..အမရာ . . အ့မို့ မရီးကို မြင်ဖူးလို့ ကြည့်နေတာ . .လတ်စသတ်တော့ မကြီးက ရဲမေကိုး . .ကျွန်တော့် ဦးလေးလည်း ရဲပဲ မကြီး အ့တိုင်းရုံးထဲ မှာ ပဲနေတာ. .ရဲအုပ်အေးမောင် လေ မကြီး သိလား ”

မကြားဖူး တာတော့ အမှန်ပါ ” ရလား..မကြီး သားတို့ လိုက်ပို့ပေးရမလား . . ပေါ်တာက ဘယ်လိုနေ့တွေဆွဲ တာလဲ မကြီး . .ဘယ်နေရာတွေ ကင်းပုန်းချတာလဲ…ဟီး” ရူးကြောင်မူးကြောင်တွေ နဲ့..စိတ်လေ တယ် ။ ”ခဏလေး..ငါ့ဗိုလ်ကြီးဆီ ငါဖုန်းဆက် လိုက်ဦးမယ် ။ ပန်းခင်း လမ်းထောင့်က ၂ယောက်ရလား ဆိုတာ ””ဟုတ်..ဟုတ်..မကြီး..သား တို့ကို ခွင့်ပြုဦးနော်.. သွားရအောင်ဟျောင့်ဒေ..မကြီး နောက်တွေ့ရင် သားတို့ကိုနုတ်ဆက်နော်..”ဟူး………ကျန်နေခဲ့တဲ့ ဆိုင်ကယ်မီးခိုးတွေနောက်မှ ပြေးထွက်သွားတဲ့ ဆိုင်ကယ်၃စီး နဲ့ မာဖီးယား ဂိုဏ်းသားတွေ မျက်စိရှေ့က ပျောက်သွားမှပဲ . .ရင်ထဲက အလုံးကြီးကျသွားပါရောတယ်။အဲ့ကနေ..အဆောင်ကို လီဗာကုန် သုတ် လာတာ . .နောက်တစ်ခါ ဒီကောင်တွေ ပြန်ကပ်မှာကြောက်လို့လေ . .နောက်က မီးမြင်ရင် ကို..ဟာ လမ်းသွားလမ်းလာ အဖော်ရတယ်ဟဆိုပြီး.ဝမ်းမသာပဲ . . ဒီကောင်တွေ ထင်ပြီး အသ ကုန်သုတ်တော့ တာပဲ . . .ဖုန်းလေးဖွင့်လို့ ပေါ်လာတဲ့ပုံမြင်တိုင်း ”ရုပ်ဆိုးကြီး ကို တင်ထားတယ်” ”ဆိုးလိုက်တဲ့ အခွက်ကြီး” .” ဂျစ်တိဂျစ်ကန်ရုပ်နဲ့ ” စတဲ့. ကောင်းချီးအဖြာဖြာနဲ့ . .ထောပနာအပြုခံရတဲ့ ကိုယ့်အခွက်ကြီးက ဒီတစ်ခါတော့ ကိုယ့်ဘဝကို ကယ်တင်နိုင်ခဲ့တယ်။ပြသာနာလည်း မဖြစ် . . . လူလည်းဘေးဒုက္ခမရောက်ရဘဲ အဆောင်ကို ချောချောမွေ့မွေ့ပြန်ရောက် ခဲ့တယ်။

ရဲမေ တစ်ယောက်အဖြစ် မြင်တွေ့ရတဲ့ ...

Credit

Facebook Comments

Burmese Online News