တရုတ် နိုင်ငံ အနေ နဲ့ အမေရိ ကန် နိုင်ငံ က ထိုင်ဝမ် ကို စစ်လက်နက် ရောင်းချ ခဲ့တဲ့ Lockheed Martin ကုမ္ပဏီကို အရေးယူမှု ဆောင်ရွက်သွားဖို့ ဆုံးဖြတ်

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျင်း က ဇူလိုင် ၁၄ ရက် က ကျင်းပပြုလုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ တရုတ် နိုင်ငံ အနေ နဲ့ အမေရိကန် နိုင်ငံ က ထိုင်ဝမ် ကို စစ်လက်နက် ရောင်းချ ခဲ့တဲ့ Lockheed Martin ကုမ္ပဏီ ကို အရေးယူ မှု ဆောင်ရွက်သွားဖို့ ဆုံးဖြတ်လိုက်တယ် လို့ပြောကြား ခဲ့တယ်လို့ ဆင်ဟွာကဖော်ပြ ပါ တယ် ။

ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေ နဲ့ အမေရိကန် နိုင်ငံ က ထိုင်ဝမ် ကို စစ်လက်နက် ရောင်းချတာ ကို ခိုင်မြဲစွာ ကန့်ကွက် ခဲ့ပြီး အမေရိကန်အနေနဲ့ တရုတ် တစ်နိုင်ငံတည်း မူဝါဒ နဲ့ တရုတ် -အမေရိကန် ပူးတွဲကြေညာချက် ၃ ချက် ကို တိကျစွာ လိုက်နာသွားဖို့ တိုက်တွန်းလိုပြီ ၊ ထိုင်ဝမ်ကို စစ်လက်နက် ရောင်းချတာကို ရပ်တန့်ဖို့ နဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ကို ရပ်တန့်သွားစေ လိုတယ် ၊

သို့မဟုတ်ရင် တရုတ်-အမေရိကန် ဆက်ဆံရေး နဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးပိုမို ပျက်ပြားနိုတာင်ကို ရှောင်ရှားဖို့ အတွက် အခုလို အပြုအမူ ကို ရှောင်ရှားရမှာဖြစ်တယ် လို့ပြောကြားခဲ့ ပါတယ် ။

ဒါ့အပြင် ကျောက်လိကျင်း က နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး အတွင် တရုတ် နိုင်ငံ အနေ နဲ့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ပြုလုပ်သွား မှာ ဖြစ်ပြီး စစ်လက်နက်ရောင်းချပေး တဲ့ ကုမ္ပဏီ အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆောင်ရွက်သွား မှာ ဖြစ်တယ် လို့ ပြောကြား ခဲ့ ပါ တယ်။

Facebook Comments

Burmese Online News