ဂိမ်းအဆော့လွန်ပြီး နှလုံးရပ်သွားခဲ့ကာ ဒူးထောက်လျက်သားဖြင့် သေဆုံးသွားခဲ့ အသက်17နှစ်အရွယ်ကျောင်းသား

ဂိမ်းကိုမရပ်မနားတမ်းဆော့ကစားခဲ့တဲ့အတွက် အသက် 17နှစ်အရွယ်ကောင်လေးကို သူ၏အိပ်ခန်းတွင် အသက်သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ် ။ Facebook မှာဖော်ပြထားတဲ့အတိုင်း ထိုင်းနိုင်ငံ ၊ Udon Thani မြို့မှာနေထိုင်လျက်ရှိတဲ့အဆိုပါကောင်လေးကို ကွန်ပျူ တာခုံအရှေ့မှာ ဒူးထောက်လျက်သားဖြင့် တွေ့ရှိခဲ့ရတာဖြစ်ပါတယ် ။


ထိုင်ခုံကနေပြုတ်ကျပြီး သေဆုံးသွားခဲ့ပုံရပါတယ် ။ ဆရာဝန်ရဲ့ပြောဆိုချက်အရ အဆိုပါကောင်လေးဟာ နှလုံးရပ်ကာသေဆုံးသွားခဲ့ရတာဖြစ်ပြီး သေဆုံးပြီး 8-10 နာရီအကြာမှ ကောင်လေးကိုတွေ့ရှိခဲ့ကြတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

 

ထို့အပြင် အဆိုပါကောင်လေးဟာ မိသားစုဝင်တွေထဲမှာ သားအကြီးဆုံးဖြစ်ပြီး ၊ ပညာရေးတွင်လည်း အတော်လေးထူးချွန်သူဖြစ်ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း ငယ်ရွယ်စဉ်ကတည်းက ဂိမ်းဆော့ကစားခြင်းကို အရူးအမူးစွဲလမ်းခဲ့သူဖြစ်ပါတယ် ။အသက် 6နှစ်အရွယ်မှာတော့ မိဘတွေကွာရှင်းခဲ့ကြပြီးနောက် အထက်တန်းကျောင်းအဆင့်ပြီးစီးခဲ့တဲ့အပြင် ဘွဲ့ရရှိဖို့အတွက်ကြိုးစားနေသူဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့အပြင် ပညာရေးတွင်လည်း အဆင့်GPA မှာ 3.7 ရှိခဲ့ကြောင်း သိရှိရပါတယ် ။

ကောင်လေးရဲ့ဖခင်ဖြစ်သူမှာတော့ သားရဲ့ပညာရေးအဆင့်တွေ ကျသွားမှာစိုးရိမ်ပြီး ဂိမ်းကိုအလွန်အကျွံမဆော့ဖို့ သတိပေးခဲ့ပေမဲ့လည်း သားဖြစ်သူမှာတော့ ကတိကိုချိုးဖောက်ပြီး အမြဲဆော့ကစားနေဆဲပါ ။ သားဖြစ်သူသေဆုံးပြီးနောက် သူ၏ဖခင်ဟာ အခြားမိဘများကို သားသမီးတွေတစ်ခုခုအရူးအမူးစွဲလမ်းသွားတာမျိုးကို ခွင့်မပြုသင့်ဘဲ ၊ သားသမီးတွေကိုအမြဲအချိန်ပေးပြီး မိသားစုအချိန်တွေကိုအတူကုန်ဆုံးသင့်ကြောင်း နောင်တများစွာဖြင့် Facebook စာမျက်နှာတွင် ရေးသားဝေမျှသွားခဲ့ပါတယ် ။

Facebook Comments

Burmese Online News