ဧရာဝတီနှင့် ချင်းတွင်းမြစ်‌‌ရေမြင့်တက်မှုကြောင့် မြို့နယ်ငါးခု ကို ရေဘေးသတိ‌ပေး

ဧရာဝတီနှင့်ချင်းတွင်း မြစ်‌‌ရေမြင့်တက်မှုကြောင့်မြို့နယ် ငါးခုကို ရေဘေးသတိ‌ပေးထားပြီး လူဦးရေ လေးထောင်ကျော်သည် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီခိုလှုံနေရသည်။ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် ရွှေကူနှင့် ဆင်ဘိုမြို့နယ်တွင် လူဦးရေ ၂,၈၀၀ ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် လူဦးရေ ၁,၀၀၀ ခန့်သည် ဌာနဆိုင်ရာတာ ဝန်ရှိသူများက စီစဉ်ပေးထားသည့် ယာယီရေဘေးစခန်းများတွင် ခိုလှုံနေကြောင်း ဇူလိုင် ၁၅ ရက်အ‌ခြေအနေကို ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကထုတ် ပြန်သည်။ ဧရာဝတီမြစ်‌ရေသည် ဇူလိုင် ၁၄ ရက်ကစ၍ ပြန်လည် ကျဆင်းနေသော်လည်း ချင်းတွင်းမြစ်ရေမှာ မြင့်တက်လာသည်။

ဧရာဝတီမြစ်ရေကြီးနိုင်တဲ့ အန္တရာယ်

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် အနီး‌ရောက်ရှိနေ၍ ‌ဒေသခံများ ရေဘေးသတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထားသည်။ ‘‘ချင်းတွင်းမြစ်ရေတက်လာတယ်။ လက်ရှိအခြေနေမှာတော့ လို အပ်ရင်ရွှေ့ပြောင်းဖို့နဲ့ ရေ‌ဘေးသတိထားဖို့ လိုက်ပြီးသတိပေးနေတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးစဝီလီဖရန့်က ‌ပြောသည်။ ဇူလိုင်၁၅ရက် တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရန် တစ်‌ပေခွဲခန့်နှင့်ဖောင်းပြင်မြို့တွင် နှစ်‌ပေခန့်သို့ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်။ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု သတိပေးထားသည်။

ဗန်းမော်နှင့် ကသာမြို့တို့တွင် ...

ယခင်ရက်က ရေဘေးသင့်ဒေသစာရင်းတွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ပါဝင်ခဲ့သော်လည်း ယခုအခါ ရေပြန်ကျသွား၍ ကယ်ဆယ် ရေးစခန်းများပိတ်သိမ်းလိုက်ပြီဖြစ်သည်။

မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီ ...

 

Facebook Comments

Burmese Online News