” ဧရာဝတီမြစ်ကြီး ရှိနေသရွေ့ ဧရာဝတီလင်းပိုင်ရှိရမည် “

#saveirrawadydolphin ဆိုပြီး ဒီ post လေးကို ပြန် share ပေးကြဖို့ တောင်းဆိုပါတယ်

Mora က တိချစ်သူတစ်ယောက် အနေနဲ့ ကမ္ဘာ့ရှားပါးမျိုးစိတ် ဧရာဝတီ လင်းပိုင် လေးတွေဟာ ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ကြီးမှ အနီရောင် အဆင့် မျိုးတုန်းလုနီးပါး အန္တရယ်ကြရောက်နေသော မျိုးစိတ် အဖြစ် သတ်မှတ်ထားခြင်းခံနေရတာကို ကြားသိရတာ တကယ့်ကို ဝမ်းနည်းရပါတယ်။

Image may contain: text

ဧရာဝတီ မြစ်အထက်ပိုင်း မြစ်ညှာတွင်နေထိုင်ကျက်စားလျက်ရှိသော ဧရာဝတီ လင်းပိုင်လေးတွေ လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းများ၊ တရားမဝင် ပိုက်များဖြင့် ငါးဖမ်းခြင်းများ၊အဆိပ်ချငါးဖမ်းခြင်းများ၊ ငါးမိုင်းခွဲခြင်းများပြုလုပ်ခြင်းတို့ကြောင်ထိခိုက်သေဆုံးလျှက်ရှိနေကြပါတယ်။

Image may contain: ocean, water and text

အခုဆိုရင် မြန်မာ တစ်နိုင်ငံ လုံးမှာမှ အကောင်ရေ ၇၀ လောက်ပဲ ကျန်တော့တယ် ဆိုတော့ မျိုးတုန်းသွားမှာ အရမ်းကို စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ မြန်မာ ပြည်ရဲ့ သဘာဝ အလှတရားဖြစ်တဲ့ ဧရာဝတီမြစ်ကြီးမှာ ချစ်စရာ Dolphin လေးတွေ သက်တမ်းပြည့် ရည်ရှည်ရှိနေစေချင်ပါတယ်။ ဒါကြောင့် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းကာကွယ်ရေး လူထုလှုပ်ရှားမှု (Save Irrawaddy Dolphin) ကို အပြည့်အဝ ထောက်ခံ ပါတယ်ရှင်။ အားလုံးလည်း ပြန်လည်မျှဝေပြီး တာဝန်ရှိသူတွေ ပိုပြီး သတိထားမိအောင် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားကြစို့နော်

Image may contain: outdoor and water

Credit – Mora The Traveller

Facebook Comments

Burmese Online News