ဦးဇင်းကိတ္ထိသာရအတွက် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူနဲ့ညီအစ်ကိုများ

မြန်မာအနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့အဆိုတော် ဦးကျော်ဟိန်းကတော့ ဦးဇင်းဘဝနဲ့မကြာသေးမီက ပျံလွန်တော်မူသွားခဲ့တာ ပရိသတ်တွေလည်း ယူကြုံးမရဖြစ်ခဲ့ကြမှာပါ။ ပရိသတ်တွေအတွက်သာမက ရုပ်ရှင်လောကတစ်ခုလုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒီနေ့မှာတော့ ဦးဇင်းကိတ္တိသာရကို ရည်စူးပြီး တပည့်သားသမီးတွေဖြစ်တဲ့ ခန့်စည်သူ၊ မင်းမော်ကွန်း၊ သားညီနဲ့ ထွန်းထွန်းတို့က အာရုဏ်ဆွမ်းကပ်လှူဒါန်းပေးခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။ ခန့်စည်သူကတော့ “လူ့ဘဝမှာလည်း ပရိသတ်တွေအပေါ် အနုပညာနှင့်ကျေးဇူးဆပ်ခဲ့သလို၊ ရဟန်းဘဝမှာလည်း ပရိတ်သတ်တွေအပေါ် တရားနှင့်ကျေးဇူးဆပ်သွားနိုင်ခဲ့တဲ့ ထာဝရကျေးဇူးရှင်ဆရာ…. သိတာတွေကို ရှိအောင်၊ရှိတာတွေကို သိနေအောင် သတိလေးကပ်ပြီး(အသိနှင့်သတိကို)နှလုံးသားထဲမှာ ထည့်သွင်း၊ကျင့်ကြံသွားတဲ့ လူသားအားလုံးကိုလေးစားပါတယ်ဆိုတဲ့ ကျွန်တော်တို့အားလုံးရိုသေချစ်ခင်ရပါတဲ့ဦးကျော်…. ပြုပြုသမျှကုသိုလ်ကောင်းမှု အလုံးစုံကို မြင့်မြတ်သောဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေခင်ဗျာ” ဆိုပြီး ဘုန်းဘုန်းအတွက် ရင်ထဲကစကားတွေကို မျှဝေဖော်ပြခဲ့ပါတယ်။

ရန်ကုန်မြို့၊ ရှစ်မိုင်ခွဲ ရွှေနှင်းဆီလမ်း၊ ကန်ဦးဇေတဝန်စာသင်တိုက်မှာ ဦးဇင်းကိတ္ထိသာရအတွက် စုပေါင်းအလှူငွေငါးသိန်းလှူဒါန်းပေးခဲ့ပြီး အာရုဏ်ဆွမ်းကပ်လှူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…ခန့်စည်သူတို့ အနုပညာညီအစ်ကိုတွေရဲ့ ဦးဇင်းအတွက် ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့ အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

#Celegabar

Facebook Comments

Burmese Online News