ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

သူ့ကို Doctor Satan လို့လည်းခေါ်တယ်…။

ဆရာဝန် မာဆေးလ် ပက်တီရို (Marcel Petiot) က ပြင်သစ်နိုင်ငံသား… ။ Auxerre မြို့သားပေါ့…။ သူ နာမည်ကြီး ဆရာဝန်ဖြစ်ပြီး ပဲရစ်မြို့ကို တက်လာတော့ နာဇီတွေ ကမ္ဘာမှာ စပြီးကြီးစိုးနေတဲ့အချိန်ဖြစ်နေပြီ..။ အဲဒီတုန်းက ဂျူးဒုက္ခသည်တွေ အသက်လုပြီး ဟိုပြေး ဒီပြေး.. ဟိုပုန်း ဒီပုန်း ဒုက္ခရောက်နေတဲ့အချိန်ပေါ့…။ အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကို ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့် အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

ဂျူးတွေ ကို ကယ်နေတဲ့ ပြင်သစ်ဆရာဝန်တစ်ယောက်ရှိတယ်…ဆိုတဲ့ ကောလာဟလဟာ ဂျူးလူမျိုးတွေကြား ဟိုတိုးတိုး… ဒီတိုးတိုး နာမည်ကြီးလာတယ်..။ ပက်တီရို ဆိုတဲ့ နာမည်အရင်းနဲ့တော့မဟုတ်ဘူး…။ Dr. Eugène ဆိုတဲ့ နာမည်ဝှက်နဲ့..။ ပက်တီရို က ကလေးဘဝကတည်းက ထူးထူးခြားခြားဉာဏ်ကောင်းတာ…ဒါပေမဲ့ အကျင့်မကောင်းဘူး..။ ကျောင်းမှာ ပြဿနာတက်ပြီဆို သူပဲ..။ အဖေက စာပို့သမား… အမေက အိမ်ရှင်မ… သာမန်မိသားစုက ပေါက်ဖွားလာပေမဲ့ သာမန်ကလေးတစ်ယောက် မဟုတ်…။

ဘယ်လောက် အထိဆိုးလဲ ဆို အသက် ၁၁ နှစ်အရွယ် မှာ ပက်တီရို ဟာသူ့အဖေရဲ့ သေနတ် ကို အတန်းထဲ ယူလာပြီး အတန်းဖော် မိန်းကလေးကို လိင်ဆက်ဆံဖို့ပြောင်ပြောင်တင်းတင်းပြော ခဲ့တဲ့သူ…။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

ပက်တီရို အသက် ၁၇ နှစ်မှာ စာတိုက်ပုံးတစ်ခုကို ဖောက်ပြီး ခိုးလို့အဖမ်းခံရတယ်..။ ပက်တီရို ဟာ စိတ်ရောဂါရှိတယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့တယ်..။ သူ စိတ်ရောဂါရှိတယ်ဆိုတော့ အပြစ်ပေးမခံရ…။ ကျောင်းက အကြိမ်ကြိမ် အထုတ်ခံရလို့နောက်ဆုံး ၁၉၁၅ ခုနှစ်၊ ဇူလိုင်လမှာ ပဲရစ်မြို့မှာရှိတဲ့ အထူးအကယ်ဒမီကျောင်းမှာ ပညာသင်ခဲ့ရတဲ့အဖြစ်… ။ သူ အထက်တန်းပြီးတော့ ပထမကမ္ဘာစစ် စဖြစ်တဲ့ အချိန်ပေါ့…။

သေနတ်ကိုင်ချင်တဲ့ ပက်တီရိုဟာ ပြင်သစ်စစ်တပ်ထဲဝင် လုပ်အားပေးတယ်..။ ပက်တီရိုက အဲဒီလို…။လိမ်လည်၊ ခိုးယူ၊ မုဒိမ်း၊ လူသတ် .. မကောင်းတာမှန်သမျှ အကုန်နှစ်သက်သူ..။ ၁၉၁၇ ခုနှစ်..။ ပက်တီရိုရဲ့ အကျင့်အတိုင်း စစ်တပ်ထဲက စစ်စောင်တွေ၊ မော်ဖင်း၊ ပိုက်ဆံအိတ်၊ ဓာတ်ပုံ နဲ့ သူများစာတွေကအစ အကုန်ခိုးတော့တာပဲ..။ သူ တရားစွဲခံရပြန်တယ်..။ ဒါပေမဲ့ စိတ်ရောဂါရှိတယ်ဆိုပြီး ဆေးရုံမှာပဲနေလိုက်ရပြီး အပြစ်ပေးမခံရပြန်ဘူး…။

၁၉၁၈ ခုနှစ်၊ ဇွန်လ..။

သူ့ခြေထောက်ကိုသူ သေနတ်နဲ့ပစ်လိုက်ပြီး မသန်စွမ်း ပင်စင်စားဖြစ်အောင်လုပ်လိုက်တယ်..။ သေတဲ့အထိ နိုင်ငံတော်က အထောက်အပံ့ရအောင်ပေါ့..။ ပက်တီရိုဟာ ဉာဏ်ကြီးရှင်လို့ခေါ်ရလောက်အောင် ဉာဏ်သိပ်ကောင်းပြီး ပညာသိပ်တော်တဲ့ သူတစ်ယောက်…။

၁၉၂၁ ခုနှစ်မှာပေါ့..။

ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ခိုးခိုး ဉာဏ်ကောင်းတဲ့ ပက်တီရို တစ်ယောက် ဆေးပညာ ၈ လသင်တာနဲ့ ဘွဲ့ရ၊ ဆရာဝန်ဖြစ်သွားတယ်..။ ပက်တီရို Villeneuve-sur-Yonne နယ်မြို့လေးဘက်ကို ပြောင်းတယ်..။ အဲဒီခေတ်တုန်းက တစ်ရွာပြောင်းတာနဲ့ သူကောင်းဖြစ်တာပဲ…။ တစ်မြို့နဲ့ တစ်မြို့ သတင်းဆက်သွယ်မှု ခက်ခဲတဲ့ ခေတ်မို့ သူ့ရဲ့ သမိုင်းဆိုးကို နယ်မြို့လေးက မသိကြ…။ ပက်တီရို အဲဒီမှာ ဆေးရုံလေးတစ်ခု ထောင်လိုက်တယ်..။ မျက်နှာချိုပြီး သဘောကောင်းပုံရတဲ့ ပက်တီရိုက ဆေးအကုလည်း တော်တော့ နာမည်ကြီးတယ်။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

အမှန်တကယ်တော့ အကျင့်မကောင်းတဲ့ ပက်တီရို တစ်ယောက် မဟုတ်တာမှန်သမျှ အကုန်လုပ်နေတာ… ဆေးတွေ ခိုးထုတ်၊ မူးယစ်ဆေးဝါးရောင်းစား၊ ကလေးဖျက်ချပေး … ငွေရမယ်ဆို ဘာပဲဖြစ်ဖြစ်လုပ်တဲ့ ဆရာဝန်…။

၁၉၂၆ ခုနှစ်…။

ပက်တီရို မြို့တော်ဝန်အဖြစ်တောင် ဝင်အရွေးခံလိုက်သေး…။ အဲဒီမှာ သူခိုးက မြို့တော်ဝန်ဖြစ်တော့တာပဲ..။ မြို့ပိုင်ငွေတွေ အလွဲသုံးစားလုပ်… လာဘ်စား… သက်ကြီးရွယ် အိုလူနာ တစ်ယောက်ရဲ့ သမီး Louise Delaveau နဲ့ ရည်းစားဖြစ်တယ်..။ အဲဒီနှစ်မှာပဲ ပက်တီရို ရဲ့ ဆိုက်ကိုပါ့သ် ဇာတိတွေပြလာတာပဲ..။

သက်သေမရှိပေမဲ့ ရဲထောက်လှမ်းရေးတွေ နဲ့ ဒေသခံတွေ ခန့်မှန်းချက်အရ မိန်းကလေးကို လိင်ဆက်ဆံပြီး သတ်ပစ်လိုက်ပုံရတယ်..။ မိန်းကလေးကို ထရပ်ကားနဲ့ တင်ခေါ်သွားတာ ဘေးအိမ်ကတွေ့ လိုက်တာကိုး..။မျက်မြင်သက်သေက ရွာထဲကလူတွေ နဲ့ ရဲတွေကိုပြောတယ်…။ အဲဒီလို ပက်တီရိုကိုလူသတ်တယ်လို့ စွပ်စွဲခဲ့တဲ့လူ ၄ လကြာတော့ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သေဆုံးသွားပြန်တယ်..။

သက်သေမရှိတဲ့အတွက် အသတ်ခံရသူတွေဟာ လူပျောက်မှုနဲ့ပဲ ပြီးသွားတယ်..။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

ပက်တီရို ဟာ Seignelay မှာနေတဲ့ သိပ်ချမ်းသာတဲ့မြေပိုင်ရှင် အမဲသတ်သမားရဲ့ သမီး အသက်၂၃ နှစ်အရွယ် ဂျော့ခ်ျလာဘလိတ် ( Georgette Lablais )နဲ့လက်ထပ်လိုက်တယ်..။ ပိုချမ်းသာသွားတယ်..။

၁၉၂၈ မှာ…သား Gerhardt ကိုမွေးတယ်..။

Marcel Petiot, "le docteur Satan de l'Occupation" : une émission à ...

၁၉၃၀ ခုနှစ်…။

ချမ်းသာပေမဲ့ ခိုးတဲ့ အကျင့် မပျောက်တဲ့ ပက်တီရို လျှပ်စစ်ဓာတ်အားခိုးယူတဲ့ အမှုနဲ့ မြို့တော်ဝန် အမတ်ရာထူးက ပြုတ်တယ်…။ ဒါတောင် သူ့ကိုထောက်ခံတဲ့ သူတွေရှိနေတုန်း….။ နောက်တစ်နှစ် (၁၉၃၁ ) မှာမြို့တော်ဝန် ထပ်ဖြစ်တာပဲ..။ ပက်တီရိုဟာ နိုင်ငံရေးလိုလို… သူတော်ကောင်းလိုလို ခပ်ပြုံးပြုံး နဲ့ မကောင်းမှုတွေ ရှုပ်ယှက်ခတ်နေအောင်လုပ်တဲ့ တကယ့် ဗီလိန်..။

၁၉၃၃ ခုနှစ်..။

ပက်တီရို ပဲရစ်မြို့ကိုပြောင်းတယ်..။ ပဲရစ်မှာလည်း ဆရာဝန်ကောင်းတစ်ဦး လို့ နာမည်ကောင်းရတယ်..။ အကျင့်မကောင်းတဲ့ ပက်တီရိုက ပဲရစ်ရောက်တော့လည်း ထုံးစံအတိုင်း ရာဇ၀တ်မှုတွေ ဆက်လုပ်တုန်း…။

“ ငါ… ဂျူးတွေကို နာဇီတွေလက်ထဲက ကယ်မယ်…” ပက်တီရိုက ပဲရစ်က လူနာတွေကို အမြဲပြောတယ်…။

ပက်တီရိုဟာ နာဇီတွေရဲ့ ချွေးတပ်က လွတ်မြောက်ချင်တဲ့ ဂျူးတွေ နဲ့ ပြင်သစ်တွေ သူ့ဆီဆက်သွယ်ဖို့ပြောလာတယ်..။ အဲဒီတုန်းက ဒုတိယကမ္ဘာစစ်ဖြစ်နေပြီ ..။ နာဇီတွေ ပြင်သစ်ကို သိမ်းလိုက်ပြီ..။ နာဇီ ချွေးတပ်က နေမကောင်းဖြစ်လာတဲ့ဂျူးလူမျိုး၊ ပြင်သစ်လူမျိုး စတဲ့သူတွေကို သူဆေးကုရတယ်..။ သူက ဆရာဝန်ဆိုတော့ “ မသန်မစွမ်း ဖြစ်ကြောင်းထောက်ခံချက်” ရေးပေးမယ်..။ ဒါဆို ချွေးတပ်ကလွတ်မယ်ပေါ့..။

အလကားတော့မဟုတ်ဘူး.. ငွေယူပြီးတော့လုပ်တာ..။ နောက်ပိုင်း ဂျာမန်တွေက မသန်မစွမ်းဆိုလည်း ချွေးတပ်က မလွှတ်ပေးတော့..။ ပက်တီရို အလုပ်မဖြစ်တော့ဘူး..။ အဲဒီတော့ ဆေးဘက်ဆိုင်ရာမှာသုံးရမယ့် မူးယစ်ဆေးတွေကိုလည်း အပြင်မှာ ရောင်းစားတယ်..။၁၉၄၂ ခုနှစ်၊ ဇူလိုင်လ..။ ဆေးစွဲတဲ့သူ ၂ ယောက်က ပက်တီရိုဆီကဆေးတွေရတယ်ဝန်ခံလို့ တရားရုံးက ပက်တီရိုကို ဖရန့်ငွေ (Franc )၂၄၀၀ ဒဏ်ငွေချခံခဲ့ရပြန်တယ်..။

ပက်တီရို ငွေရဖို့ နည်းလမ်းတစ်ခု အကြံရပြန်တယ်..။

ဂျူးတွေကို ဖရန့် ငွေ၂၅၀၀၀နှုန်းနဲ့ အာဂျင်တီးနားကတစ်ဆင့် ပေါ်တူဂီကိုဖြတ်ပြီး တောင်အမေရိကဘက်က ပို့ပေးနိုင်တယ်လို့ ပြောတယ်..။ ပက်တီရိုက သူတို့ဆီက ငွေရပြီးရင် အာဂျင်တီးနား မဝင်ခင် ရောဂါကာကွယ်ဆေးထိုးဖို့လိုတယ်ဆိုပြီး cyanide ဆိုတဲ့ အဆိပ်ထိုးပြီးသတ်တယ်..။ ပြီးတော့ သူတို့ရဲ့ အဖိုးတန်ပစ္စည်းအားလုံးကိုဖြုတ်ယူပြီး အလောင်းတွေကို လွှင့်ပစ်တယ်..။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

၁၉၄၁ ခုနှစ်..။

အလောင်းတွေ လွှင့်ပစ်ရမယ့်နေရာ မရှိတော့ ပက်တီရိုဟာ rue le Sueur ဘက်မှာ အိမ်ကြီးကြီးတစ်လုံးဝယ်ပြီး အလောင်းတွေ မြေအောက်ခန်းမှာ ဖြတ်တောက် မီးရှို့…။ ပက်တီရိုဟာ လူသတ်ရတာကို နှစ်သက်တယ်.. ငွေလည်းရတယ်ဆိုတော့ ဟန်ကျနေတာပေါ့..။ လူတွေကို အဆိပ်ဆေးထိုးပြီး အကြောတွေဆိုင်း သေတဲ့ပုံစံကို ကြည့်ချင်လို့ ဘေးအခန်း အပေါက်တစ်ခု ဖောက်ပြီးတောင် ကြည့်တယ်..။

၁၉၄၄ ခုနှစ်၊မတ်လ ၁၁ ရက်နေ့ ..။

ပက်တီရိုရဲ့ Rue Le Sueur ဆိုတဲ့နေရာ.. အိမ်ထဲက အနံ့နံတယ်လို့ဘေးအိမ်တွေကပြောလာကြတယ်..။ “ အဲဒီအိမ်က အနံ့တွေက ပုပ်စပ်နေတာပဲ..။ အိမ်မီးဖိုကထွက်တဲ့ မီးခိုးတွေကလည်း သိပ် အနံ့ဆိုးတယ်..” အိမ်နီးချင်းတွေက ရဲတိုင်တယ်..။ ပက်တီရို အိမ်မီးရှို့ထွက်ပြေးတယ်..။ ရဲနဲ့ မီးသတ်သမားတွေက မြေအောက်ခန်းထဲက ကျောက်မီးသွေးမီးဖိုထဲမှာ လူတွေရဲ့ အရိုး အကြွင်းအကျန်တွေ တွေ့ရတာပဲ..။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်..။ Paris Métro station.ပက်တီရိုကို ဖမ်းမိတယ်..။

သူ့ကို ထောင်ထဲ (Santé prison) မှာထားပြီးစစ်ကြတယ်..။ တရားခွင်တိုင်းမှာ ပက်တီရိုဟာ ခပ်ပြုံးပြုံးပဲ…။ ပြင်သစ်မီဒီယာတွေက သူ့ကို Doctor Satan” လို့နာမည်ပေးလိုက်ကြတယ်..။ တရားခွင်ရောက်တော့ ပက်တီရိုက ဇာတ်လမ်း အသစ်ထွင်တယ်..။ သူသတ်ခဲ့တာ ဂျူးတွေမဟုတ်၊ မျိုးချစ်စိတ်နဲ့ ပြင်သစ်ရဲ့ ရန်သူ ဂျာမဏီ နာဇီတွေကိုသတ်ခဲ့တဲ့ ဟီးရိုးတစ်ယောက်ပါလို့ ပြုံးရွှင်စွာနဲ့ ပြောတယ်..။ တရားခွင်မှာ သူဟာ လူပေါင်း ၆၀ ကျော်ကို သတ်တယ်လို့တောင်ပြောခဲ့သေး..။ ရဲတွေက ပက်တီရိုကို သက်သေအထောက်အထားခိုင်လုံတဲ့ လူသတ်မှု ၂၇ မှုနဲ့ တရားစွဲခဲ့တယ်..။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

ပက်တီရို အိမ်မှာကျန်ခဲ့တဲ့ သက်သေအထောက်အထား ၂၃ ယောက်က ဂျူးလူမျိုးတွေရဲ့ ပစ္စည်းတွေ…။ အဲဒီတော့ ပက်တီရို ဇာတ်လမ်းပြောင်းတယ်..။ ဂျူးတွေက ဂျာမန် အယောင်ဆောင်လို့ မှားသတ်မိတယ်ပေါ့..။ အဲဒီခေတ်တုန်းက ဖရန့် ငွေ၂၅၀၀၀က အခုခေတ် မြန်မာငွေ သိန်း ၃ သောင်းနီးပါးပဲ..။ နာဇီတွေ အသတ်ခံရမှာစိုးလို့ ငွေစုပြီး ပက်တီရိုဆီ သွားမိတဲ့ ဂျူးတွေဟာ အဲဒီလို ကူကယ်ရာမဲ့ သေဆုံးခဲ့ရတယ်..။

ဂျူးတွေရဲ့ ကယ်တင်ရှင် အတုကြီး Dr. Eugène ဆိုတာ ပက်တီရိုဆိုတာ သက်သေပြနိုင်ခဲ့လို့ ပြင်သစ်နိုင်ငံ တရားသူကြီးအဖွဲ့က သူ့ကို သေဒဏ်ပေးတယ်..။

ကမ္ဘာ့ သမိုင်း ထဲက အရက်စက်ဆုံး ဆရာဝန်

၁၉၄၆ခုနှစ် ၊ မေလ ၂၅ ရက်၊မနက် ၃ နာရီ ၃၀ မိနစ်..။

ပက်တီရိုဟာ အသတ်ခံရမယ့်နေ့ကိုရောက်လာတယ်..။ တာဝန်ရှိသူတွေဟာ သူ့ လက်တွေကို ကြိုးနဲ့ မချည်ခင်၊ သူ့ လည်ပင်းကို Guillotine ဆိုတဲ့ခေါင်းဖြတ်တဲ့စက်မဖြတ်ခင်၊ သူ့ အင်္ကျီက လည်ပင်းကော်လာကို ကတ်ကြေးနဲ့ အရင်ဖြတ်ကြတယ်..။ ပြီးတော့ သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ guillotine ခေါင်းဖြတ်စက်ဆီ တစ်လှမ်းချင်း လျှောက်သွားတယ်..။

သူ့ကိုသတ်တဲ့နေ့က မျက်မြင်သက်သေတစ်ယောက် ဖြစ်တဲ့ Dr. Albert Pau က “ ပက်တီရိုက သူ့ရုံးခန်းထဲသူ လမ်းလျှောက်ဝင်တဲ့ အတိုင်းပဲ.. ပုံမှန်နေ့တွေ နဲ့ အတူတူပဲ..”.။ ပက်တီရိုက သူမသေခင် သူ့ကိုကြည့်နေတဲ့ သူတွေကို “ လူကြီးမင်းတို့ ကျုပ်လည်ပင်းပြတ်တာ ကို မကြည့်ကြပါနဲ့..။ ကြည့်လို့ကောင်းမယ် မထင်ဘူးဗျ…။” ပက်တီရို ခေါင်းပေါ် စက်က ဓား ပြုတ်ကျလာပြီး သူ့ရဲ့ ဦးခေါင်း ဟာ အောက်မှာ ခံထားတဲ့ ခြင်းတောင်း ထဲ ပြုတ်ကျသွားတယ်..။

L'ombre d'un doute – Petiot : Le docteur Satan de l'Occupation ...

သူ့ အသက် ၄၉ နှစ်..။ ဒီအကြောင်း ကို Henri Troyat က ၁၉၅၁ ခုနှစ် မှာ La Tête sur les épaules ( သူ့ပခုံးပေါ်က ဦးခေါင်း) ဝတ္ထုကို ရေးခဲ့တယ်..။ Docteur Petiot (1990) ဆိုတဲ့ ရုပ်ရှင် လည်း ရိုက် ထားတယ်..။ ပက်တီရိုဟာ တောမီးလောင်တုန်း လက်ခ မောင်းခတ်တဲ့ ၂၀ ရာစု ဆိုက်ကိုပါ့သ် တောကြောင်ကြီးပေါ့..။

En 1946, le cynique Petiot alias «docteur Satan» est condamné à mort

မရွှေမိုး (ကိုရီးယား)

Facebook Comments

Burmese Online News