အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေး ရေဆိုးထုတ်မြောင်းမှ တဆင့် ဧရာဝတီမြစ်ရေ စိမ့်ဝင်ပြီး မြေသားကျွံကျမှုအား တပ်မတော်မှ ကူညီဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေး၌ ယမန်နေ့ ည ၉ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဆိုးထုတ်မြောင်းမှတဆင့် မြစ်ရေများ စိမ့်ဝင်ကာမြေသားကျွံကျမှုဖြစ်ပေါ်ခဲ့ပြီး အနိမ့်ပိုင်းရှိ မှန်တန်းရပ်ကွက်၊ ယင်းတော်ရပ်ကွက်၊ ဈေးချို ရပ်ကွက်နှင့် ကြံတန်းရပ်ကွက်များအတွင်းသို့ မြစ်ရေစတင် ဝင်ရောက်ခဲ့သည်။

မြစ်ရေစိမ့်ဝင်မှုကြောင့် ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ကားလမ်းမှာ အလျား ပေ ၂၀ ခန့် ကျိုးပေါက်မှုဖြစ်ပေါ်ပြီး ရေများစီးဝင်ကာ အနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေအနိမ့်ဆုံး ၁ ပေမှ ၄ ပေအထိ ဝင်ရောက်ခဲ့သည်။

အဆိုပါနေရာသို့ ယမန်နေ့ည ၁၀ နာရီမှ စတင်၍ ယခုအချိန်ထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စက်ယန္တရားကြီးများဖြင့် မြေဖို့ခြင်း၊ သဲအိတ်များကာရံခြင်း၊

သံဖြင့်ပြုလုပ်ထားသော ကျောက်ခြင်းများဖြင့်ပိတ်ဆို့ခြင်း၊ အနိမ့်ပိုင်းရပ်ကွက် ၄ ခုရှိ အိမ်ထောင်စုများအား အမြင့်ပိုင်းနေရာများရှိ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနှင့် ဘုရားဝန်းများအတွင်းသို့ ကူညီရွှေ့ပြောင်းနေရာချထားပေးလျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia

Facebook Comments

Burmese Online News