မန်းက တာကျိုးပေါက်တဲ့ ရေဘေး ညဘက်ကြီး မိုးရွာထဲ ချက်ချင်းအရောက်လာတယ်…..

ဘုန်းဘုန်းရှိတယ်ဟေ့

မန်းက တာကျိုးပေါက်တဲ့ ရေဘေး ညဘက်ကြီး မိုးရွာထဲ ချက်ချင်းအရောက်လာတယ်.. ကူညီ ကယ်ဆယ်မှုများ ပြုလုပ်ဖို့ အတွက်ကောင်းမွန်သော အကြံ အဉာဏ်များပေးတယ်……ဒီနေ့မနက်လည်း ထပ်ရောက်လာတယ်….ရေဘေးကြုံတွေ့နေရသော မိသားစု များနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကျသူများ အတွက်…

နေ့လည် စာအတွက် လှူဒါန်းရန် ချက်ပြုတ်ကျွေးရန် ကိုယ်တိုင်စီမံ ဆောင်ရွက် မှာကြားနေပါတယ်… လူဘယ်လောက်လဲ ၁ထောင်လား..?၂ထောင်လား..? ၃ထောင်လား…?အားလုံးကို ချက်ပြုတ် ကျွေးမွေးဖို့ လုပ်ကုန်ကျစရိတ်အားလုံး ဘုန်းဘုန်းပေးမယ်….. ဒကာတို့ ဘက်က ချက်ဖို့ ပြုတ်ဖို့ကိုဘဲ ဝိုင်းဝန် ကူညီပေးကြပါတဲ့….

မေတ္တာ တရားကြီးမားလွန်းတဲ့ ဘုန်းဘုန်းတွေ လူတွေ ကြီးစိုးလာပြီ ဖြစ်လို့ များမကြာမီ မြန်မာပြည် အေးချမ်းသာယာတော့မည် အမှန်ပင်…. ဘုန်းဘုန်းကြီးအား လက်ဆယ်ဖြာ ထိပ်မှာထားလျှက် ဦးချကန်တော့လိုက်ပါသည်… သူတော်ကောင်း အပေါင်းတို့ သက်တော်ရာကျော် ရှည်ကြ ပါစေ….

လေးစားလျှက်
K.K.S

Facebook Comments

Burmese Online News