တစ်ချိန်က ပရိသတ်တွေ သဲသဲလှုပ်အချစ်ခံခဲ့ရတဲ့ ရွှေညီအစ်ကို အဖွဲ့ရဲ့ လက်ရှိအလုပ်အကိုင်တွေကို ချပြလိုက်တဲ့ “ကောင်းကျော်

တစ်ချိန်က ပရိသတ်တွေ သဲသဲလှုပ်အချစ်ခံခဲ့ရတဲ့ ရွှေညီအစ်ကို အဖွဲ့ရဲ့ လက်ရှိအလုပ်အကိုင်တွေကို ချပြလိုက်တဲ့ “ကောင်းကျော်…..လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရွှေညီကိုအဖွဲ့ကိုတော့ ပရိသတ်တွေရင်ထဲမှာ မှတ်မှတ်ထင်ထင်ရှိကြမှာပါနော်။

ငြိမ်းချမ်း၊ ကောင်းကျော်၊ ဝိုင်းချစ်၊ ရှဲဒိုး၊ ထက်ထက်တို့ ငါးဦးနဲ့ ဖွဲ့စည်းထားပြီး ဟာသပျက်လုံးတွေကို ဝါးလုံးကွဲရယ်မောရအောင် ပိုင်ပိုင်နိုင်နိုင် ပျက်လုံးထုတ်ခဲ့တဲ့အပြင် ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့အဖွဲ့လို ဆိုရမှာပါ။

မိသားစုစားဝတ်နေရေးအတွက် ဘဝရပ်တည် ...

သူတို့ငါးဦးထဲက ဦးရှဲဒိုးကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေလည်း ဘဝရပ်တည်ချက်မျိုးစုံနဲ့ အဖွဲ့ကွဲခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဦးကောင်းကျော်က ရွှေညီကိုအဖွဲ့ဝင်တွေကို တမေးတည်း မေးနေကြတဲ့ ပရိသတ်ကြီးအတွက် သူတို့ဘာတွေလုပ်နေသလဲဆိုတာ ပြောပြခဲ့ပါတယ်။ “သည်းသည်းလှုပ် အားပေးခဲ့ဖူးကြတဲ့ဦးကောင်းကျော်တို့ “ရွှေညီကို” အဖွဲ့သားတွေ အခု ဘာတွေလုပ်နေကြလဲ မေးလာကြသူများအတွက် ??? သဘင်တက္ကသိုလ်ကြီးမှာ နှစ်ပေါ င်း(၃၀)ကျော် ပညာဆည်းပူးသင်ကြားလာကြပြီးနောက်

ရွှေညီကို က သူ့လမ်းကြောင်းပေါ် သူ ...

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပါမောက္ခ မစ္စတာ ကိုဗစ်ရဲ့ ထောက်ခံအားပေးမှုကြောင့် ဌာနအသီးသီးမှ ရာထူးကြီးကြီးတွေနဲ့ နိုင်ငံဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်နေပါကြောင်း ဖြေကြားအပ်ပါသည်။ ၁။ ဦးငြိမ်းချမ်း (စားသောက်ကုန်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ်) ၂။ ဦးကောင်းကျော် (စားသောက်ကုန်လုပ်ငန်းညွှန်ကြားရေးမှူးချုပ်) ၃။ ဦးဝိုင်းချစ်(လူသုံးကုန်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ်) ၄။ ဦးထက်ထက်(ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်) ကိုင်းဘာတွေလုပ်နေကြလဲခဏခဏ ထပ်မမေးကြနဲ့တော့ ဒါဘဲ ဟားဟားဟားးး???” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

လူရွှင်တော် ဝိုင်းချစ်ရဲ့ သာယာ ...

သူတို့တွေကတော့ အဖွဲ့တစ်ဖွဲ့အနေနဲ့ ပရိသတ်တွေကို ဟာဒယရွှင်ဆေးမတိုက်ကျွေးတော့ပေမယ့် တစ်ဦးချင်းစီ သဘင်ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းနေကြသူတွေပါ။ ဒါပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ အဆင်ပြေတာတွေ လုပ်ကြရင်း စားစရာရောင်း၊ တက်စီဆွဲနေရတဲ့ သူတို့တွေအကြောင်းကို ဦးကောင်းကျော်ကတော့ အရွှန်းဖောက်ပြီး မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

အနုပညာအလုပ်ဆိုတာ တစ်ယောက်တည်းလုပ် ...

Source – U Kaung Kyaw

Facebook Comments

Burmese Online News