လိင်ပိုင်းဆိုင် ရာစော်ကား ခဲ့ တဲ့ ဖခင်ကို သတ်ပစ်ခဲ့ကြ တဲ့ ဆယ်ကျော်သက် သမီး(၃)ယောက်

လိင်ပိုင်းဆိုင် ရာစော်ကား ခဲ့ တဲ့ ဖခင်ကို သတ်ပစ်ခဲ့ကြ တဲ့ ဆယ်ကျော်သက် သမီး(၃)ယောက်

ရုရှားနို င်ငံ၊ မော်စကိုမှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃)ယောက်ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာစော်ကားနှိပ်စက်မှုတွေပြုလုပ်ခဲ့တဲ့ ဖခင်ရင်းကို ပူးပေါင်းပြီး သတ်ပစ်ခဲ့ကြပါတယ်။ အသက် (၁၉)နှစ်အရွယ် ခရစ္စတီးနား၊ အသက်(၁၈)နှစ်အရွယ် အိန်ဂျလီနာနဲ့ အသက် (၁၇)နှစ်အရွယ် မာရီယာ တို့ဟာ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်မိန်းမပျိုလေးတွေဖြစ်ကြပြီး သူတို့ရဲ့ ဖခင်ကတော့ ရုရှားနိုင်ငံရဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။

အသက် (၅၇)နှစ်အရွယ် မစ်ခေးလ် ကာချာတာရန်ဟာ ရုရှားရဲ့နာမည်ကြီး လူဆိုးဂိုဏ်းအဖြစ် ရပ်တည်နေတဲ့ မာဖီးယားအဖွဲ့ထဲက ခေါင်းဆောင်တစ်ယောက်ပါ။ သူက သူ့ရဲ့သမီး(၃)ယောက်ကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်လေ့ရှိပြီး မူးယစ်ဆေးစွဲနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ မစ်ခေးလ်က သူ့ရဲ့သမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး သူ မူးယစ်နေတဲ့ အချိန်တွေတိုင်းမှာ ပြဿနာတွေ ဖန်တီးခဲ့တာပါ။တစ်ရက်မှာတော့ မီခေးလ်က သူ့ရဲ့သမီးအငယ်ဆုံး မာရီယာကို ဓားနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ရာကနေ ညီအစ်မ (၃)ယောက်က သူတို့ရဲ့ဖခင်ကို သတ်ပစ်လိုက်ကြတာပါ။

မော်စကိုမြို့၊ အဝေးပြေးလမ်းမ အနီးက မစ်ခေးလ်ရဲ့အိမ်မှာ သူ့ကို ဓားဒဏ်ရာပေါင်းများစွာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီး သူ့ရဲ့သမီးတွေကိုယ်တိုင်က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ခရစ္စတီးနားက သူမတို့(၃)ယောက်စလုံးက ဖခင်ဖြစ်သူကို အရမ်းမုန်းနေကြပြီး တစ်ခါတစ်လေ သူမတို့(၃)ယောက်တည်းကို အိမ်မှာထားခဲ့ပြီး အချိန်တွေကြာအောင် လျောက်သွားနေတတ်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောပါတယ်။

ဒီ တိုက်ခိုက်မှုကို ညီအစ်မ (၃)ဦးစလုံး ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး မာရီယာတစ်ယောက် ပြဿနာတက်နေချိန်မှာ ကျန်တဲ့ အစ်မတွေကလည်း ဓားကိုယ်စီနဲ့ ရောက်ရှိလာခဲ့ပြီး မစ်ခေးလ်ကို ထိုးသတ်ခဲ့ကြတာပါ။ မစ်ခေးလ်က အဲဒီနေရာကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မိန်းကလေး(၃)ယောက်ကတော့ ဓားနဲ့ဆက်လက်ထိုးနေခဲ့ကြတာကြောင့် ဓာတ်လှေကားအနီးမှာပဲ သေဆုံးသွားခဲ့ရပါတယ်။

မစ်ခေးလ်ရဲ့ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေက မစ်ခေးလ်ဟာ ဇနီးဖြစ်သူကိုလည်း အဲဒီလို နှိပ်စက်မှုတွေပြုလုပ်ခဲ့လို့ ဇနီးသည်က အိမ်ကနေ ထွက်သွားခဲ့တယ်လို့ ဆိုခဲ့ပြီး မစ်ခေးလ်ဟာ သူ့ရဲ့ သမီးမိန်းကလေးတွေကိုလည်း အမြဲလိုလို ရိုက်နှက်နေတတ်တယ်လို့ဆိုလိုက်ပါတယ်။

လူသတ်မှု ကျုးလွန်ခဲ့တဲ့ မိန်းကလေးတွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကြောင့် အပြစ်လျော့သွားနိုင်ပေမယ့် တစ်ယောက်ကို အနည်းဆုံး ထောင်ဒဏ်(၈)နှစ်လောက်အထိတော့ ကျခံရဖို့ရှိနေပါတယ်။

#Shwe_Wiki

Facebook Comments

Burmese Online News