သဘာဝဘေးအန္တရာယ်ကြောင့် ကာလတစ်ခုအထိ ကယ်ဆယ်ရေးစခန်း၌ နေထိုင်ရချိန်တွင် စိတ်ရှည်သည်းခံပေးရန် ဒုသမ္မတ မေတ္တာရပ်ခံပြောဆို

အမရပူရမြို့နယ်ရွှေဂဲရေဆိုးထုတ်စက်ရုံအနီးတာရိုးကျိုးရွှေ့ပြောင်းထာရသည့်သဘာဝဘေးဒုက္ခသည်များအားအချိန်ကာလတစ်ခုအထိ ကယ်ဆယ်ရေးစခန်း၌နေထိုင်ရချိန်တွင်စိတ်ရှည်သည်းခံပေးကြရန် မေတ္တာရပ် ခံလိုကြောင်းနှင့်ကယ်ဆယ်စခန်း၌ရှိနေချိန်နှင့်မိမိနေရာများသို့ ပြန်လည်ရောက်ရှိသည့်အချိန်များတွင်လိုအပ်သည့် အကူအညီများနှင့်ထောက်ပံ့မှုများကိုဆက်လက်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကပြောဆိုလိုက်သည်။

Image may contain: sky, ocean, outdoor, nature and water

“ရာသီဥတုအနေအထားတွေဟာတစ်နှစ်ထက်တစ်နှစ်ပိုမိုဆိုးရွားလာပြီးယခုလိုဘေးအန္တရာယ်ဖြစ်လာတဲ့ကိစ္စကို ဘယ်သို့မှရှောင်လွှဲလို့မရပါဘူး။ဒါ့ကြောင့်မိမိတို့အနေနဲ့သဘာဝဘေးအန္တရာယ်တွေကိုရေရှည်မှာဆက်လက် ရင်ဆိုင်ကြရမှာဖြစ်ပြီးစိန်ခေါ်မှုများစွာရှိပေမယ့်ဘယ်လိုဒုက္ခများတွေ့ကြုံရကြုံရစိတ်ဓာတ်မကျဖို့လိုပါတယ်”ဟုဆိုသည်။”

Image may contain: 1 person, sitting and outdoor

လက်ရှိအချိန်ကာလတွင်အဆိုပါရွှေဂဲရေဆိုးထုတ်စက်ရုံအနီးတာရိုးကျိုးပေါက်၍မြစ်ရေဝင်ရောက်မှုကြောင့်ယဉ်တော်ကျေးရွာအုပ်စု၊ မှန်တန်းရပ်ကွက်၊ကျန်တန်းရပ်ကွက်၊ဈေးချိုရပ်ကွက်နှင့်ငယ်တိုင်ရပ်ကွက်များရှိအိမ်ထောင်စုများကိုဘေးလွတ်ရာသို့ပြောင်းရွှေ့နေရာချထားပေးထားကြောင်းသိရသည်။

Image may contain: 5 people, people sitting, outdoor, water and nature

Credit- Myanmar Online News

Facebook Comments

Burmese Online News