ညွှန်ကြားချက်ထွက်ပါ က အမရပူရ တာကျိုးမှုကြောင့် ပျက်စီးသွားတဲ့ စိုက်ခင်း အားလုံးကို သီးနှံလျော်ကြေး ချက်ချင်းထုတ်ပေးမည်

မန္တလေးမြို့ အမရ ပူရမြို့နယ် ရွှေဂဲရေထိန်းတံခါး တာရိုး ကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းဧက တစ်ရာကျော် ပျက်စီးခဲ့ပြီး တိုင်းအစိုးရမှ ညွှန်ကြားပါက လျော်ကြေးငွေပေးသွား မည်ဖြစ်ကြောင်းမန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန က သိရ ပါ တယ်။

အမရပူရ ရွှေဂဲရေထိန်းတံခါး ကျိုး ...

ရွှေဂဲရေထိန်း တံခါးတာ ရိုး ကျိုးပေါက်မှု သည် ဇူလိုင် ( ၁၉ ) ရက် ညနေပိုင်း မှ စတင်ကာဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၂၀ ရက်နေ့ ည(၇)နာရီခွဲဝန်းကျ င်တွင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့ ပါတယ် ။

“သီးနှံစိုက်ခင်း တရာကျော် ရေနစ်မြှုပ် ပျက်စီး ခဲ့တယ် ။ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေပေါ့ ၊ တိုင်း အစိုးရက ဘာမှ ညွှန်ကားတာ မရှိသေးတော့ ဘာမှ မလုပ်ရသေးဘူး၊ ညွှန်ကြားရင်တော့ ချက်ချင်း လျော်ကြေားငွေ ပေးသွားမှာပါ” ဟု မန္တလေးတိုင်း ‌‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦီးစီးမှုး ဦးတိုးမင်းက ပြော ပါတယ်။

တာရိုးကျိုးပေါက်မှုကြောင့် အမရပူရမြို့နယ်အတွင် ရှိရပ်ကွက် ၇ ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၃၃၀၀ ကျော်၊ လူဦးရေ ၁၃၀၀၀ ကျော်ရေဘေး သင့်ခဲ့ပြီး ကယ်ဆယ်ရေး စခန်း ၂၂ ခုဖွင့်လှစ်ထားကြောင်းသိရ ပါတယ်။ “ပျက်စီးသွားတာတော့ မြေပဲ တို့ သခွားတို့ ပျက်စီးသွားတာပေါ့ ၊ အရင်းအနှီး ကတော့ ဆယ်သိန်းနီးပါးလော က်ရှိတယ် ” ဟု ရွှေဂဲ ကျေးရွာ မှ ဦးထွန်းလှိုင်ကပြော ပါတယ်။

အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ် ...

လက်ရှိအချိန်တွင်ရေဝင်သည့် ရပ်ကွက်များ မှ ရေများအမြန်ဆုံး လျော့နည်းသွားစေရန် အတွက် ရေစုတ်စက်ကြီးများဖြင့်ရေစုတ် ထုတ်နေကာ ကျိုးပေါက်သွား သည့်နေရာ ကို လည်းကျောက်များ ထပ်မံပိတ် ဆို့နေ ပါတယ် ။

Credit

Facebook Comments

Burmese Online News