႐ုရွား မွ အထူးတပ္ဖြဲ႕မ်ားအတြက္ အသစ္ဖန္တီးထားသည့္ Mil Mi-8 ရဟတ္ယဥ္သစ္အား စမ္းသပ္ပ်ံသန္

႐ုရွား မွ အထူးတပ္ဖြဲ႕မ်ားအတြက္ အသစ္ဖန္တီးထားသည့္ Mil Mi-8 ရဟတ္ယဥ္သစ္အား စမ္းသပ္ပ်ံသန္း။ ( အထူးစစ္ဆင္ေရးေတြအတြက္ သီးသန့္သုံးမွာ ေပါေလာေရွာလာ သြားလုပ္လုိ့မရဘူး)

*ေအာက္တြင္ ယူနီကုတ္ျဖင့္ ေဖာ္ျပထားပါသည္။

🇷🇺 ႐ုရွားန္ိုင္ငံက အထူးစစ္ဆင္ေရးတပ္ဖြဲ႕မ်ား(Special Operations Forces) အတြက္ အသစ္ဖန္တီးထားတဲ့ Mil Mi-8 AMTSh-VN အမ်ိဳးအစား ရဟတ္ယာဥ္အား စမ္းသပ္ ပ်ံသန္းမႈ ျပဳလုပ္ခဲ့ေၾကာင္း ႐ုရွားႏိုင္ငံအဆင့္ျမင့္နည္းပညာ ေကာ္ပိုေရးရွင္း “Rostec”ရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္တဲ့ ‘Russian Helicopters Group’ မွ CEO ျဖစ္သူက ဇူလိုင္ ၂၂ ရက္ေန႔က ထုတ္ေဖာ္ေျပာၾကား လာပါတယ္။

Mil Mi-8AMTSh-VN ရဟတ္ယာဥ္မ်ားဟာ R&D အလုပ္ ခြင္မွာပဲ တစ္ေလွ်ာက္လုံး အခ်ိန္ၾကာျမင့္စြာ တိုင္ပင္ေဆြးေႏြးၿပီး တည္ေဆာက္မႈျပဳခဲ့တဲ့ အမ်ိဳးအစားေတြပါ။ အခု ဗဟိုအမ်ိဳးသား ရဟတ္ယာဥ္တည္ေဆာက္ေရးအဖြဲ႕ ကေနၿပီး စမ္းသပ္ပ်ံသန္းဖို႔ ခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ လုပ္ငန္းခြင္ စီမံခန္႔ခြဲေရးမွေခါင္းေဆာင္ ျဖစ္သူက ဆိုပါတယ္။

Rostec Aviation Cluster Industrial မွ ဒါ႐ိုက္တာ ျဖစ္သူ Anatoly Serdyukov ကေတာ့ လက္နက္တပ္ဆင္မႈ အပိုင္းမွာ သေဘာထာထား ကြဲလြဲမႈရွိခဲ့ၿပီး တိုက္ပြဲဝင္အေတြ႕အႀကဳံ အေပၚအေျခခံ၍ နည္းပညာအေထာက္အကူမ်ားျဖင့္ ဒီဇိုင္းေရးဆြဲ ကာ တည္ေဆာက္မႈယူခဲ့ရေၾကာင္း အဆိုပါရဟတ္ယာဥ္မ်ားႏွင့္ ပတ္သတ္၍ ေျပာၾကားပါတယ္။

ပန္ကာ(ဒလက္)နည္းပညာအသစ္မွာ တိုးတက္မႈရွိရန္ျပဳလုပ္ခဲ့ၿပီး ျဖစ္တဲ့ စြမ္းအင္ကေန လည္ပတ္မႈႏုန္း ျမင့္မားေစတဲ့အင္ဂ်င္ ျဖစ္ေစဖို႔အတြက္ ေထာက္ပံ့ေပးမွာျဖစ္ၿပီး အထူးစစ္ဆင္ေရးလို တာဝန္ေတြအတြက္ တိုက္ပြဲဝင္စြမ္းေဆာင္ရည္ပိုင္း ပိုမိုတိုးတက္ မႈမ်ား ရွိလာေစရန္ လိုအပ္တဲ့ေနရာမ်ားမွာ အဆင့္ျမႇင့္တင္မႈ (Upgraded) ေတြျပဳလုပ္ခဲ့ေၾကာင္း ဆိုပါတယ္။

လုပ္ငန္းရဲ႕ ပထမအဆင့္အေနနဲ႔ ၿပီးခဲ့တဲ့ႏိုဝင္ဘာလအတြင္းက ခရီးေဝးပ်ံသန္း မႈကို ေဆာင္႐ြက္ၿပီးစီးခဲ့တယ္လို႔သိရၿပီး ေနာက္ဆုံးမွာေတာ့ ယခု လိုအမ်ိဳးအစားရဟတ္ယာဥ္ေတြ ၂ စီးထက္ပိုမိုေသာ အေရ- အတြက္ျဖင့္ ပူးေပါင္းပ်ံသန္းရန္ အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္း က္ို ၄င္းမွ ဆက္လက္ေျပာဆိုခဲ့ပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေနၿပီး ၂၀၁၉ ခုႏွစ္မွာက်င္းပတဲ့ Army-2019 ႏိုင္ငံတကာ လက္နက္အေရာင္းျပပြဲ (lnternational Arms Show) အတြင္း အထူးျပဳလုပ္ ထားတဲ့ ေနာက္ဆုံးထုတ္ Mi-8AMTSh-VN ရဟတ္ယာဥ္ ၁၀ စင္းကို ဝယ္ယူဖို႔ လက္မွတ္ေရးထိုးခဲ့တာျဖစ္ၿပီး အဆိုပါပစ္ကူေပး (gunships) မ်ားကို ၂၀၂၀-၂၁ ခုႏွစ္မွာ လႊဲေျပာင္းေပးဖို႔ သတ္မွတ္ခဲ့ပါတယ္။

ရဟတ္ယာဥ္အသစ္မွာ ေခတ္မီတဲ့ပုံစံနဲ႔ တိုးတက္မႈရွိေစရန္ အတြက္ အထူးစီမံဖန္တီးထားၿပီး ဆီးရီးယားေဒသေတြက စစ္ဆင္ေရးေတြမွာ စြမ္းေဆာင္ရည္ျပည့္ဝစြာ တိုက္ပြဲဝင္ႏိုင္ေစရန္ တည္ေဆာက္ထားတာ ျဖစ္တယ္လို႔ဆိုပါတယ္။ အဓိကျပဳလုပ္ ထားတဲ့ လက္နက္တပ္ဆင္မႈအပိုင္းမွာေတာ့ Mi-8AMTSh -VN ရဟတ္ယာဥ္ရဲ႕အစြန္း ၂ ဖက္ (two side-mounted) မွာ လားရာသို႔ပစ္ခတ္ႏိုင္တဲ့ ၁၂.၇ မီလီမီတာ စက္ေသနတ္ကို တပ္ဆင္ထားပါတယ္။

အျပင္ဘက္ေနရာမွာ ပ်ံသန္းမႈထိန္းခ်ဳပ္- ေရးနဲ႔ ျမင္ကြင္းၾကည့္ ကိရိယာအသစ္တို႔ကို တပ္ဆင္ထားၿပီး Gyro- Stabilized Opto-electronic နည္းပညာတစ္ခု လည္း ပါရွိမွာျဖစ္ပါတယ္။ ရွာေဖြၾကည့္ရႈရာမွာ အသုံးျပဳတဲ့ Searchlight နဲ႔ infrared emitter တို႔လို႔ နည္းပညာ မ်ားလည္းပါဝင္ၿပီး dual-band lighting စနစ္နဲ႔တပ္ဆင္ ထားတဲ့ အလင္းေရာင္ျဖင့္ ညၾကည့္ျမင္ကြင္းပါတဲ့ goggles ကို လိုက္ေလ်ာညီေထြစြာ အသုံးျပဳႏိုင္မွာလည္းျဖစ္ပါတယ္။

File:Mil Mi-8..., Russia - Air Force AN1397010.jpg - Wikimedia Commons

Mi-8AMTSh-VN ရဟတ္ယာဥ္ေတြကို မွာယူခဲ့စဥ္က ဒီဂ်စ္တယ္နည္းပညာအသုံးျပဳ အလိုအေလ်ာက္ေမာင္းႏွင္တဲ့- (digital autopilot system)စနစ္ကို ခုခံကာကြယ္ေရး အစီအစဥ္အတြက္ မစ္ဆိုင္းမ်ားအား အလိုအေလ်က္တုံ႔ျပန္ ကာကြယ္မႈေပးမည့္(automatically detects missile- launches against)စနစ္နဲ႔အတူ တစ္ပါတည္း တပ္ဆင္ ေပးဖို႔ မွာၾကားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အပူေငြ႕ရွာမစ္ဆိုင္း (missile homing warheads) မ်ားရဲ႕အာ႐ုံခံ မ်ားကို ပ်က္ျပားေစမဲ့ Jams မ်ားနဲ႔ အပူအစားထိုးမီးပန္း (releases heat flares)မ်ား လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

ရဟတ္ယာဥ္အဖြဲ႕ဝင္ရဲ႕အခန္း(crew’s cabin)နဲ႔ ရဟတ္ယာဥ္ မွာပါတဲ့ နည္းပညာပိုင္းဆိုင္ရာအေရးပါတဲ့ေနရာေတြကို တိုက္ေတ- နီယံသတၱဳစပ္ပါတဲ့ သံထည္နဲ႔ ကာရံေပးထားမွာပါ။ ရဟတ္ယာဥ္ ကုန္ပစၥည္းတင္ရာေနရာနဲ႔ အတြင္းဘက္ကအလႊာကို Kevlar နဲ႔ ျပဳလုပ္ထားတဲ့ အဖြင့္အပိတ္ျပဳရာမွာ အေလးခ်ိန္ေပါ့ပါးၿပီး ဒိုင္းသဖြယ္ကာရံေပးမယ့္ ျပတင္းေပါက္ပါသံထည္တံခါးကို အသုံးျပဳထားပါေၾကာင္း တင္ျပလိုက္ရပါတယ္။

2007 Shatoy Mi-8 crash - Wikipedia

ယူနီကုတ္

ရုရှား မှ အထူးတပ်ဖွဲ့များအတွက် အသစ်ဖန်တီးထားသည့် Mil Mi-8 ရဟတ်ယဉ်သစ်အား စမ်းသပ်ပျံသန်း။ ( အထူးစစ်ဆင်ရေးတွေအတွက် သီးသန့်သုံးမှာ ပေါလောရှောလာ သွားလုပ်လို့မရဘူး)

ရုရှားနိုင်ငံက အထူးစစ်ဆင်ရေးတပ်ဖွဲ့များ(Special Operations Forces) အတွက် အသစ်ဖန်တီးထားတဲ့ Mil Mi-8 AMTSh-VN အမျိုးအစား ရဟတ်ယာဉ်အား စမ်းသပ် ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံအဆင့်မြင့်နည်းပညာ ကော်ပိုရေးရှင်း “Rostec”ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ‘Russian Helicopters Group’ မှ CEO ဖြစ်သူက ဇူလိုင် ၂၂ ရက်နေ့က ထုတ်ဖော်ပြောကြား လာပါတယ်။

Peru purchases group of Russian Mil Mi-17S helicopters

Mil Mi-8AMTSh-VN ရဟတ်ယာဉ်များဟာ R&D အလုပ် ခွင်မှာပဲ တစ်လျှောက်လုံး အချိန်ကြာမြင့်စွာ တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုပြုခဲ့တဲ့ အမျိုးအစားတွေပါ။ အခု ဗဟိုအမျိုးသား ရဟတ်ယာဉ်တည်ဆောက်ရေးအဖွဲ့ ကနေပြီး စမ်းသပ်ပျံသန်းဖို့ ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ လုပ်ငန်းခွင် စီမံခန့်ခွဲရေးမှခေါင်းဆောင် ဖြစ်သူက ဆိုပါတယ်။

Rostec Aviation Cluster Industrial မှ ဒါရိုက်တာ ဖြစ်သူ Anatoly Serdyukov ကတော့ လက်နက်တပ်ဆင်မှု အပိုင်းမှာ သဘောထာထား ကွဲလွဲမှုရှိခဲ့ပြီး တိုက်ပွဲဝင်အတွေ့အကြုံ အပေါ်အခြေခံ၍ နည်းပညာအထောက်အကူများဖြင့် ဒီဇိုင်းရေးဆွဲ ကာ တည်ဆောက်မှုယူခဲ့ရကြောင်း အဆိုပါရဟတ်ယာဉ်များနှင့် ပတ်သတ်၍ ပြောကြားပါတယ်။

ပန်ကာ(ဒလက်)နည်းပညာအသစ်မှာ တိုးတက်မှုရှိရန်ပြုလုပ်ခဲ့ပြီး ဖြစ်တဲ့ စွမ်းအင်ကနေ လည်ပတ်မှုနုန်း မြင့်မားစေတဲ့အင်ဂျင် ဖြစ်စေဖို့အတွက် ထောက်ပံ့ပေးမှာဖြစ်ပြီး အထူးစစ်ဆင်ရေးလို တာဝန်တွေအတွက် တိုက်ပွဲဝင်စွမ်းဆောင်ရည်ပိုင်း ပိုမိုတိုးတက် မှုများ ရှိလာစေရန် လိုအပ်တဲ့နေရာများမှာ အဆင့်မြှင့်တင်မှု (Upgraded) တွေပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။

လုပ်ငန်းရဲ့ ပထမအဆင့်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းက ခရီးဝေးပျံသန်း မှုကို ဆောင်ရွက်ပြီးစီးခဲ့တယ်လို့သိရပြီး နောက်ဆုံးမှာတော့ ယခု လိုအမျိုးအစားရဟတ်ယာဉ်တွေ ၂ စီးထက်ပိုမိုသော အရေ- အတွက်ဖြင့် ပူးပေါင်းပျံသန်းရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ကို ၎င်းမှ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကနေပြီး ၂၀၁၉ ခုနှစ်မှာကျင်းပတဲ့ Army-2019 နိုင်ငံတကာ လက်နက်အရောင်းပြပွဲ (lnternational Arms Show) အတွင်း အထူးပြုလုပ် ထားတဲ့ နောက်ဆုံးထုတ် Mi-8AMTSh-VN ရဟတ်ယာဉ် ၁၀ စင်းကို ဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဆိုပါပစ်ကူပေး (gunships) များကို ၂၀၂၀-၂၁ ခုနှစ်မှာ လွှဲပြောင်းပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

ရဟတ်ယာဉ်အသစ်မှာ ခေတ်မီတဲ့ပုံစံနဲ့ တိုးတက်မှုရှိစေရန် အတွက် အထူးစီမံဖန်တီးထားပြီး ဆီးရီးယားဒေသတွေက စစ်ဆင်ရေးတွေမှာ စွမ်းဆောင်ရည်ပြည့်ဝစွာ တိုက်ပွဲဝင်နိုင်စေရန် တည်ဆောက်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ အဓိကပြုလုပ် ထားတဲ့ လက်နက်တပ်ဆင်မှုအပိုင်းမှာတော့ Mi-8AMTSh -VN ရဟတ်ယာဉ်ရဲ့အစွန်း ၂ ဖက် (two side-mounted) မှာ လားရာသို့ပစ်ခတ်နိုင်တဲ့ ၁၂.၇ မီလီမီတာ စက်သေနတ်ကို တပ်ဆင်ထားပါတယ်။

အပြင်ဘက်နေရာမှာ ပျံသန်းမှုထိန်းချုပ်- ရေးနဲ့ မြင်ကွင်းကြည့် ကိရိယာအသစ်တို့ကို တပ်ဆင်ထားပြီး Gyro- Stabilized Opto-electronic နည်းပညာတစ်ခု လည်း ပါရှိမှာဖြစ်ပါတယ်။ ရှာဖွေကြည့်ရှုရာမှာ အသုံးပြုတဲ့ Searchlight နဲ့ infrared emitter တို့လို့ နည်းပညာ များလည်းပါဝင်ပြီး dual-band lighting စနစ်နဲ့တပ်ဆင် ထားတဲ့ အလင်းရောင်ဖြင့် ညကြည့်မြင်ကွင်းပါတဲ့ goggles ကို လိုက်လျောညီထွေစွာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Mi-8AMTSh-VN ရဟတ်ယာဉ်တွေကို မှာယူခဲ့စဉ်က ဒီဂျစ်တယ်နည်းပညာအသုံးပြု အလိုအလျောက်မောင်းနှင်တဲ့- (digital autopilot system)စနစ်ကို ခုခံကာကွယ်ရေး အစီအစဉ်အတွက် မစ်ဆိုင်းများအား အလိုအလျေက်တုံ့ပြန် ကာကွယ်မှုပေးမည့်(automatically detects missile- launches against)စနစ်နဲ့အတူ တစ်ပါတည်း တပ်ဆင် ပေးဖို့ မှာကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အပူငွေ့ရှာမစ်ဆိုင်း (missile homing warheads) များရဲ့အာရုံခံ များကို ပျက်ပြားစေမဲ့ Jams များနဲ့ အပူအစားထိုးမီးပန်း (releases heat flares)များ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်အဖွဲ့ဝင်ရဲ့အခန်း(crew’s cabin)နဲ့ ရဟတ်ယာဉ် မှာပါတဲ့ နည်းပညာပိုင်းဆိုင်ရာအရေးပါတဲ့နေရာတွေကို တိုက်တေ- နီယံသတ္တုစပ်ပါတဲ့ သံထည်နဲ့ ကာရံပေးထားမှာပါ။ ရဟတ်ယာဉ် ကုန်ပစ္စည်းတင်ရာနေရာနဲ့ အတွင်းဘက်ကအလွှာကို Kevlar နဲ့ ပြုလုပ်ထားတဲ့ အဖွင့်အပိတ်ပြုရာမှာ အလေးချိန်ပေါ့ပါးပြီး ဒိုင်းသဖွယ်ကာရံပေးမယ့် ပြတင်းပေါက်ပါသံထည်တံခါးကို အသုံးပြုထားပါကြောင်း တင်ပြလိုက်ရပါတယ်။

KoPheon

Facebook Comments

Burmese Online News