မျိုးတုန်းသွားပြီဟုယူဆထားသော ကမ္ဘာ့အကြီးဆုံး ပျားဘီလူးကို ပြန်လည် တွေ့ရှိ့

မျိုးတုန်းသွားပြီ ဟုယူဆ ထားသော ကမ္ဘာ့ အကြီးဆုံး ပျားဘီလူးကို ပြန်လည် တွေ့ရှိ့


လူကြီးတစ်ယောက်၏ လက်မခန့် အရွယ်အစားရှိ့တဲ့ပျားတစ်ကောင်ကို အင်ဒိုနီးရှားကျွန်း ပေါ်မှာရှာဖွေတွေ့ရှိ့ခဲ့ပါတယ်။ရက်အနည်းငယ်ကြာရှာဖွေပြီးနောက်မှာ တောရိုင်း တိရစ္ဆာန် ပညာရှင်တွေက တစ်ကောင်းတည်းဖစ်နေတဲ့ ပျားမကိုတွေ့ရှိ့ခဲ့တာပါ။ထိုပျားကို1858ခုနှစ်မှာဗြိတိသျှသဘာဝနှင့်စူးစမ်းရှာဖွေသူ Alfred Russell Wallace ကရှာဖွေတွေ့ရှိ့ခဲ့ပြီး Wallace’s beeလို့နာမည်တွင်ခဲ့တာပါ။ သိပ္ပံပညာရှင်တွေက 1981တုန်းကလဲ အင်ဒိုနီးရှားကျွန်း ၃ကျွန်းပေါ်မှာ ထိုပျားရဲ့ နမူနာအများအပြားကိုတွေ့ရှိ့ပြီးပါပြီ။မနှစ်ကOnlineကနေရောင်းချဖို့ကမ်းလှမ်းထားခဲ့တဲ့ ပျားနမူနာ၂ခု့ဟာလဲ အသက်ရှင်မနေတဲ့နမူနာတွေပဲဖစ်ပါတယ်။Januaryမှာ အသင်းတစ်သင်းဟာ ထိုပျားကိုရှာဖွေပြီး ဓာတ်ပုံရိုက်ယူဖို့အတွက် Wallace ရဲ့ အင်ဒိုနီးရှားခရီးကို ခြေရာခံလိုက်ခဲ့တာပါ။ထိုပျားဟာရိုးရိုးသာမာန်ပျားတွေထ အလွန်ကိုကြီးမားပါတယ်။

“ကျွန်တော်တို့ မျိုးမတုန်းသေးဘူးဆိုပြီး မရေရာတော့တဲ့ ခွေးဘီလူးပျံကြီးကို ကျွန်တော်တို့မျက်မှောက်မှာ မျက်ဝါးထင်ထင်ကြီး ကြည့်ရတာဟာ အရမ်းကို ရင်သပ်အံ့သြ ဖွယ် ပါပဲ။”ဟု ထိုပျားကိုသက်ရှိထင်ရှား ဓာတ်ပုံပထမဆုံးရိုက်ခဲ့တဲ့ သဘာဝသမိုင်းဓာတ်ပုံဆရာ Clay Bolt ကဆိုပါတယ်။ဆက်လက်ပြီးသူက “သက်ရှိ့ထင်ရှားပျားကြီးဟာ ဘယ်လောက်ကြီးမားပြီးဘယ်လောက်လှပတယ်ဆိုတာရယ် ကျွန်တော့်ဦးခေါင်းနားကပျံဝဲသွားပြီးသူ့ရဲ့အသံကိုကြားခဲ့ရတာတွေဟာ မယုံကြည်နိုင်စရာကောင်းပါတယ်”

Wallace ရဲ့ ပျားဘီလူး-၂လက်မခွဲလောက်အရှည်ရှိ့်ပြီးကမ္ဘာ့အကြီးဆုံးပျားဖြစ်ပါတယ်။-အမတွေဟာ ခြတောင်ပို့ ထဲမှာအသိုက်လုပ်ကျပြီး သူတို့ရဲ့ သန်မာတဲ့ မေးရိုးတွေနဲ့ သစ်စေးတွေကို စုဆောင်းကာ ဘေးရန်တွေကိုလဲကာကွယ်ပါတယ်။-ထိုမျိုးစိတ်တွေဟာ ထင်းရှူးစေးတွေစုဆောင်းဖို့နဲ့ ခြတောင်ပို့တွေမှာအသိုက်လုပ်ဖို့အတွက် မြေနိမ့်သစ်တောတွေမှာနေထိုင်ကျပါတယ်။-Charles Darwin နဲ့အတူ Evolution Theoryကို တာဝန်ယူထားတဲ့ Wallace က နဂျီ ကောင်လောက်ကြီးမားပြီး ပိတုန်းကောင် ကဲ့သိုကြီးမားသော မေးရိုးရှိ့သည့်အမဲရောင်အကောင် ဟု ဖော်ပြခဲ့ပါတယ်။

North Moluccas လို့နာမည်တွင်တဲ့ အင်ဒိုနီးရှားကျွန်းက သစ်တောတွေမှာ ကမ္ဘာပေါ်မှာအင်းဆက်အများဆုံးနေထိုင်နိုင်ခြင်းက ရှာဖွေခြင်းကိုမျှော်လင့်ချက်တိုးပွားစေခဲ့တာပါ။ယင်းကျွန်းရဲ့ ကုန်သွယ်မှူဟာ ဥပဒေရေးရာအကာအကွယ်အောက်မှာရှိ့ပါတယ်။ခရီးသွားအဖွဲ့ဝင်တစ်ဦးဖစ်တဲ့Princeton University က entomologist Eli Wymanက သူဟာပျားရဲ့ဘဝကိုပိုမိုနက်ရှိင်းစွာနားလည်ရန်သု့တေသနပြုနိုင်လိမ့်မည်ဟုမျှော်လင့်ပြီး မျိုးတုန်းမှုရန်ကနေကာကွယ်ပေးဖို့ တောင်းဆိုရန်ကြိုးစားအားထုတ်သွားမည်ဖစ်ကြောင်းပြောကြားခဲ့ပါတယ်။International Union for Conservation of Natureရဲ့အဆိုအရ Wallace ရဲ့ ပျားဘီလူးဟာ လက်ရှိ့မှာ မျိုးသုန်းနိုင်ခြေနေပါးနေသေးတာပါ။သို့သော် ဤမျိုးစိတ်များ၏အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည်လက်ရှိတွင်ကန့်သတ်မထားပါဘူး။

ပျောက်ဆုံးမျိုးစိတ်များအတွက် ကမ္ဘာအနှံ့ရှာဖွေခြင်းကိုစတင်ခဲ့တဲ့Global Wildlife Conservation (GWC) ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပျားဘီလူးရှာဖွေရေးခရီးကို အကူအညီပေးခဲ့တာပါ။“ကျွန်တော်တို့ဟာကမ္ဘာကျော်တန်ဖိုးကြီးပျားမျိုးစိတ်ကိုထိန်းသိမ်းစောင့်ရှောက်ရင်းနဲ့ ပျောက်ဆုံးလုနီးပါးဖြစ်နေတဲ့ အန္တရာယ်ကနေ တောက်ပတဲ့မျိုးစိတ်အနာဂတ်ဆီကိုရောက်ရှိနိုင်မှာပါ”ဟု Robin Mooreကပြောကြားခဲ့ပါတယ်။Januaryမှာတော့ ထိုအဖွဲ့ဟာ ဖားထီးတစ်ကောင်နောက်ခြေရာခံလိုက်ရင်းဖြင့် ရှားပါးဖားမျိုးစိတ်ဖြစ်တဲ့Bolivian ဖားကိုရှာဖွေတွေ့ရှိ့ခဲ့တယ်လို့ကြေငြာခဲ့ပါတယ်~

Facebook Comments

Burmese Online News