တက္ကသိုလ်ကျောင်းသူအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တပ်ပြေးတရားခံ ဈန်မင်းထက်အား အလုပ်ကြမ်းနဲ့ထောင်ဒါဏ်နှစ်(၃၀) ချမှတ်

ကလေးမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန်အား လူသတ် ၊ အလောင်းဖျောက်၍ scopy ဆိုင်ကယ်အားယူရောင်းစားသူ တပ်ပြေးတရားခံမောင်ဈန်မင်းထက်အား ကလေးခရိုင်တရားရုံးမှ အလုပ်ကြမ်းနဲ့ထောင်ဒါဏ်နှစ် (၃၀) ချမှတ်လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည် ။

ကလေးတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည့် မအေးချမ်းမွန်အားတက္ကသိုလ်စာမေးပွဲများပြီးသည့် ၂၅.၉.၂၀၁၉ရက်နေ့တွင်သတ်ဖြတ်၊အလောင်းဖျောက်ခဲ့သည့်အတွက် တပ်ပြေးတဦးဖြစ်သူတရားခံ ဈန်မင်းထက်အား ကလေးမြို့မရဲစခန်းတွင် (ပ)၂၁၄၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး (၁၆.၁.၂၀၂၀)ရက်နေ့တွင် အမှုစတင်စစ်ဆေးရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

အမှုစတင်စစ်ဆေးပြီး (၇)လခန့်အကြာ (၂၄-၇-၂၀၂၀) ရက်နေ့တွင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ လူစုလူဝေးများမဖြစ်ပေါ်စေရန်အတွက် တရားရုံးကိုအလုံပိတ်စစ်ဆေး အမိန့်ချမှတ်ခဲ့ကာ တရားလိုတဦးထဲသာဝင်ခွင့်ပြု၍ စီရင်ချက်အမိန့်ကို ကြားနာစေခဲ့ကြာင်းလည်းသိရသည် ။

Yar Zar Aung
P&L

Facebook Comments

Burmese Online News