ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒက ဓမ္မာစရိယနှင့်ပထမပြန်စာစစ် သံဃာတော် အပါး ၂၀၀ ကို တစ်လတိတိ ဆွမ်းဆပ်ကပ် လှူဒါန်း

ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒက ဓမ္မာစရိယနှင့်ပထမပြန်စာစစ် သံဃာတော် အပါး ၂၀၀ ကို တစ်လတိတိ ဆွမ်းဆပ်ကပ် လှူဒါန်း

Saturday, July 25, 2020

ဓမ္မာစရိယနှင့် ပထမပြန်စာစစ် သံဃာတော် အပါး ၂၀၀ ကို ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒမှ ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ တစ်လတိတိ ဆွမ်းဆပ်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်အရှင်ဆေကိန္ဒ၏ နှစ်စဉ်နှစ်တိုင်းကုသိုလ်ပြု အလှူတော် ဖြစ်သည့် ကမ္ဘာအေးကုန်းမြေပေါ်မှ (၉) နှစ်မြောက် ကုသိုလ်တော် အဖြစ် ဓမ္မာစရိယနှင့်ပထမပြန်စာစစ် သံဃာတော်( ၂၀၀ )ကျော်တို့အား တစ်လတိတိ(စာစစ်လုပ်ငန်းပြီးစီးသည်အထိ ) အာရုံဆွမ်း/နေ့ဆွမ်း ညနေအဖျော်ရည်များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အလှူတော်အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့်အညီ ဆွမ်းဝိုင်းများ ခြောက်ပေခွာ စီမံ ဆောင်ရွက်ရန်လျက်ရှိကြောင်း သိရပါတယ်။

crd-myanmaplatform #Myanmar_Online_News

Facebook Comments

Burmese Online News