ဒုက္ခသည် ခြောက်ရာကျော်အတွက် အိမ်သာတစ်လုံးမှ မရှိတဲ့ မြန်မာပြည်က စစ်ရှောင်စခန်း…

ဒုက္ခသည် ခြောက်ရာကျော်အတွက် အိမ်သာတစ်လုံးမှ မရှိတဲ့ မြန်မာပြည်က စစ်ရှောင်စခန်း…

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်က ဒုက္ခသည် ၆၀၀ ကျော်နေထိုင်နေတဲ့ စေတီတောင်အနောက်ခြမ်းစစ်ရှောင် စခန်းမှာ အိမ်သာတစ်လုံးမှမရှိ ဖြစ်နေပါတယ်။

“ကလေးက တအားများတယ်၊ အိမ်သာသွားရတဲ့နေရာကလည်း မရှိဘူး၊ မိန်းကလေးတွေကပိုပြီး အဆင်မပြေဖြစ်ပါတယ်” လို့ စစ်ဘေးရှာင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မမေစုလှိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီဒုက္ခသည်စခန်းမှာ ရသေ့တောင်မြို့နယ် အမျက်တောင်၊ ကျောက်တန်း၊ ဆောက်ခတ်၊ ကျောက်ရံသာစည်၊ ရေပုတ်၊ ရေစိုးချောင်း၊ အောင်မြေကုန်း၊ မောင်ဖြူရွာ၊ ထီးစွဲ၊ င/စံဘော်၊ ဗောဓိကုန်း၊ ရေမျက်၊ ညောင်ပင်လှ၊ ကုန်တန်း၊ အိုးဖောက်စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်လာသူတွေ နေထိုင်နေကြတာဖြစ်ပါတယ်။

“အိမ်သာက တစ်လုံးမှ မရှိဘူး၊ စင်တွေလို တိုင်တွေ စိုက်ထားတာတွေ အဲဒါတွေမှာ အပြင်သွားခဲ့ရင် လိမ့်ကျတာတွေရှိပါတယ်” ဟု ရေမျက်ကျေးရွာက စစ်ဘေးရှောင်လာသူတစ်ဦးဖြစ်တဲ့ ဒေါ်စိန်နုဖြူက စခန်းထဲက အခြေအနေကို ပြောပြပါတယ်။

ဒီစခန်းမှာ အိမ်ထောင်စု ၁၅၅ စု၊ ကျား ၂၈၆ ဦး၊ မ ၃၇၇ ဦး စုစုပေါင်း ၆၆၃ ဦးရှိနေပြီး ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်စခန်း ၂၂ ခုမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဓာတ်ပုံ – ကောင်းမြတ်နိုင်

ဘီဘီစီ

Facebook Comments

Burmese Online News