“အေမရိကန္ေလတပ္၏ ပထမဆုံး တပ္တြင္းဗုဒၶဘာသာ ဓမၼကထိက “

“အေမရိကန္ေလတပ္၏ ပထမဆုံး တပ္တြင္းဗုဒၶဘာသာ ဓမၼကထိက “( အေမရိကန္ေလတပ္ထဲအထိ ေရာင္ဝါလင္းေနေသာ ဗုဒၶဘာသာ )

*ေအာက္တြင္ ယူနီကုတ္ျဖင့္ေဖာ္ျပထားပါသည္။

ေကာ္လိုရာဒိုျပည္နယ္ရွိ နာရိုးပတကၠသိုလ္တြင္ ဘာသာေရးဆိုင္ရာမဟာဘြဲ႕ကို ရယူၿပီးသည့္ေနာက္တြင္ ဘရက္ ကင္းဘဲလ္သည္ အေမရိကန္ ေလ တပ္မေတာ္၏ ပထမဆုံးေသာ တပ္တြင္း ဗုဒၶဘာသာ ဓမၼကထိက တစ္ဦးျဖစ္လာခဲ့သည္။

သူ႔ဘ၀ရည္မွန္းခ်က္သည္ အျခားသူတို့ကို ကူညီရန္ဟု သူကဆိုၿပီး ယင္းကပင္လၽွင္ သူ႔ကို ယခုကဲ့သို့ တပ္တြင္းဓမၼကထိကျဖစ္လာေစေၾကာင္း ဒုဗိုလ္ ဘရက္ ကင္းဘဲလ္က ေျပာသည္။

အေမရိကန္ျပည္ေထာင္စု အိုင္ယိုဝါ ျပည္နယ္ဇာတိျဖစ္ေသာ ကင္းဘဲလ္သည္ အိုင္ယိုဝါ ျပည္နယ္ တကၠသိုလ္တြင္ ဗုဒၶဘာသာဆိုင္ရာတို့ကို ေလ့လာမိရာမွ ဝိပႆနာတရားကို အားထုတ္ျဖစ္ခဲ့ၿပီး ဗုဒၶဘာသာ၀င္တစ္ဦးျဖစ္လာခဲ့သည္။

ဗုဒၶဘာသာသည္ မိမိတို့၏ စိတ္ႏွလုံးကို မည္သို့မည္ပုံ ထိန္းသိမ္းရမည္ဆိုျခင္းႏွင့္ လူ႔အဖြဲ႕အစည္းအတြင္း၀ယ္ မည္သို့ေနထိုင္ရမည္ဆိုျခင္းကို သင္ၾကားေပးၿပီး၊ ပိုမိုၿငိမ္းေအးသာယာစြာ ေနထိုင္နိုင္ေစရန္လည္း စိတ္ကိုေလ့က်င့္ေပးသည္ဟု ကင္းဘဲလ္က ေျပာပါသည္။

“ဒါက စိတ္ပိုင္းဆိုင္ရာ ရွုေထာင့္ကပါ။ ဒါေပမယ့္ အဲဒီအဓိပၸါယ္ေတြ ေဝါဟာရေတြကို လူေတြ ရွင္းရွင္းလြယ္လြယ္ နားလည္ဖို့အတြက္ ကၽြန္ေတာ္က ျပန္ရွင္းျပ၊ ေျပာျပတာျဖစ္ပါတယ္”ဟု ကင္းဘဲလ္ကေျပာပါသည္။

သူသည္ နာရိုးပတကၠသိုလ္တြင္ ပညာသင္ၾကားေနစဥ္ကတည္းကပင္လၽွင္ ၏ ဓမၼဆိုင္ရာ ကူညီမွုမ်ားကို ေဆာင္ရြက္ခဲ့သည္။ထို့ေနာက္ ၂၀၁၇ ခုႏွစ္ ဧၿပီလ၀ယ္ စစ္သင္တန္းမ်ားၿပီးဆုံးသည္တြင္ သူသည္ ေကာ္လိုရာဒိုျပည္နယ္၊ ေအာ္ရိုရာၿမိဳ့ရွိ ဘပ္ကေလေလတပ္စခန္းတြင္ သာသနာျပဳလုပ္ငန္းမ်ားကို ဆက္လက္ထမ္းေဆာင္ခဲ့သည္။

သူသည္ တပ္တြင္း ဓမၼသင္တန္းကို တနလၤာ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔တို့တြင္ စိတ္၀င္စားသူမ်ားအား အခ်ိန္ပိုင္း ပို့ခ်ၿပီး ဝိပႆနာတရားအားထုတ္ျခင္းကိုလည္း သင္ၾကားျပသေပးလၽွက္ရွိသည္။

ထပ္ဆင့္မၽွေဝပါသည္။

အညာသားစြယ္စုံက်မ္း

ယူနီကုတ္

“အမေရိကန်လေတပ်၏ ပထမဆုံး တပ်တွင်းဗုဒ္ဓဘာသာ ဓမ္မကထိက “( အမေရိကန်လေတပ်ထဲအထိ ရောင်ဝါလင်းနေသော ဗုဒ္ဓဘာသာ )

ကော်လိုရာဒိုပြည်နယ်ရှိ နာရိုးပတက္ကသိုလ်တွင် ဘာသာရေးဆိုင်ရာမဟာဘွဲ့ကို ရယူပြီးသည့်နောက်တွင် ဘရက် ကင်းဘဲလ်သည် အမေရိကန် လေ တပ်မတော်၏ ပထမဆုံးသော တပ်တွင်း ဗုဒ္ဓဘာသာ ဓမ္မကထိက တစ်ဦးဖြစ်လာခဲ့သည်။

သူ့ဘဝရည်မှန်းချက်သည် အခြားသူတို့ကို ကူညီရန်ဟု သူကဆိုပြီး ယင်းကပင်လျှင် သူ့ကို ယခုကဲ့သို့ တပ်တွင်းဓမ္မကထိကဖြစ်လာစေကြောင်း ဒုဗိုလ် ဘရက် ကင်းဘဲလ်က ပြောသည်။

အမေရိကန်ပြည်ထောင်စု အိုင်ယိုဝါ ပြည်နယ်ဇာတိဖြစ်သော ကင်းဘဲလ်သည် အိုင်ယိုဝါ ပြည်နယ် တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဆိုင်ရာတို့ကို လေ့လာမိရာမှ ဝိပဿနာတရားကို အားထုတ်ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့သည်။

ဗုဒ္ဓဘာသာသည် မိမိတို့၏ စိတ်နှလုံးကို မည်သို့မည်ပုံ ထိန်းသိမ်းရမည်ဆိုခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်းဝယ် မည်သို့နေထိုင်ရမည်ဆိုခြင်းကို သင်ကြားပေးပြီး၊ ပိုမိုငြိမ်းအေးသာယာစွာ နေထိုင်နိုင်စေရန်လည်း စိတ်ကိုလေ့ကျင့်ပေးသည်ဟု ကင်းဘဲလ်က ပြောပါသည်။

“ဒါက စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကပါ။ ဒါပေမယ့် အဲဒီအဓိပ္ပါယ်တွေ ဝေါဟာရတွေကို လူတွေ ရှင်းရှင်းလွယ်လွယ် နားလည်ဖို့အတွက် ကျွန်တော်က ပြန်ရှင်းပြ၊ ပြောပြတာဖြစ်ပါတယ်”ဟု ကင်းဘဲလ်ကပြောပါသည်။

သူသည် နာရိုးပတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်ကတည်းကပင်လျှင် ၏ ဓမ္မဆိုင်ရာ ကူညီမှုများကို ဆောင်ရွက်ခဲ့သည်။ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလဝယ် စစ်သင်တန်းများပြီးဆုံးသည်တွင် သူသည် ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဘပ်ကလေလေတပ်စခန်းတွင် သာသနာပြုလုပ်ငန်းများကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

သူသည် တပ်တွင်း ဓမ္မသင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် စိတ်ဝင်စားသူများအား အချိန်ပိုင်း ပို့ချပြီး ဝိပဿနာတရားအားထုတ်ခြင်းကိုလည်း သင်ကြားပြသပေးလျှက်ရှိသည်။

ထပ်ဆင့်မျှဝေပါသည်။

အညာသားစွယ်စုံကျမ်း

Facebook Comments

Burmese Online News