ဒီ Post ကိုရှယ်တာ၊ ပြန်ကူးတင်တာမျိုးနဲ့ ကူညီကြပါဦး

(၆)လအတွင်း သေတာ (၆)ကောင်တောင်ရှိပြီ။ခုရက်ပိုင်းအတွင်း သေတာ (၂)ကောင်။ ရှော့တိုက်ငါးဖမ်းကြလို့ လင်းပိုင်တွေပါ သေကုန်တာတဲ့

ပုံမှန်အချိန်ဆို ဖမ်းကြတယ်၊ ကင်းလှည့်တယ်။ ခုကကျ ကင်းမလှည့်တဲ့ အချိန်ကိုစောင့်ကြည့်ပြီး ရှော့တိုက်ကြတာတဲ့။ သေကုန်တာပဲ …

လင်းပိုင်းလေးတွေက မျိုးပွါးဖို့လဲ ခက်တယ်။ ကြာလဲကြာတယ်။ ကြီးလာဖို့လဲ စောင့်ရတယ်။ အခုကျ ကလေး (၂)ကောင်နဲ့ အကြီး (၄)ကောင်တောင် သေကုန်ပြီ။ ခပ်ကြမ်းကြမ်းပြောရရင်တော့ #အသတ်ခံရတာပေါ့။ ပိုဆိုးတာက သေကုန်တာက #အမလေးတွေ ချည်းပဲတဲ့။ မျိုးဆက်ပွါးဖို့ ပိုခက်သွားတာပေါ့

ဧရာဝတီလင်းပိုင်ဆိုတာ ရှားပါးရေချိုလင်းပိုင်အမျိုးအစားပါ။ မြန်မာနိုင်ငံမှာ (၇၆)ကောင်ပဲရှိတော့တယ်။ အခု (၆)ကောင်တောင်သေဆိုတော့ (၇၀)ပဲကျန်မယ်။ ဒါတောင် မိုးတွင်းရေကြီးလို့ ရေစီးနဲ့ မျှောပါသွားတာ၊ ပြန်ရှာမရတာတွေလည်း ရှိဦးမှာ။ ဒီကြားထဲ ရှော့တိုက်ငါးဖမ်းကြတော့ ပိုဆိုး။ အဖတ်ဆယ်မရ ဖြစ်မှာပဲ ကြောက်တယ်။ ရှော့တိုက်ငါးဖမ်းတဲ့ တံငါသည်မှမဟုတ်၊ ရှော့တိုက်ဖို့ လျှပ်စစ်ဝါယာကြိုးရောင်းတဲ့သူတွေကိုလည်း သေချာကိုင်တွယ်ရမယ် ထင်တာပါပဲ။ ကိုဗစ်မဖြစ်ခင်ကတော့ ဧည့်သည်တွေလာ။ လင်းပိုင်ကြည့်ကြ။ လှေတွေသုံးကြနဲ့ဆိုတော့ အလုပ်ဖြစ်တယ်နဲ့တူပါရဲ့။ ခုကျ ငါးရှာဖို့ မြန်မာ့ရှားပါးလင်းပိုင်တွေ မျိုးတုန်းတော့ မလိုဖြစ်ကုန်ပြီ ….

Irrawaddy dolphin - Whale & Dolphin Conservation USA

 

ဧရာဝတီလင်းပိုင်ဆိုတာ တံငါးသည်တွေနဲ့ ငါးအတူတူဖမ်းပေးတဲ့ ဖိုးပြုံးချိုလေးတွေ မျိုးတုန်းလုနီး ကမ္ဘာ့ရှားပါးအမျိုးအနွယ် တစ်မ္ဘာလုံးမှာရှိတဲ့ ကုလသမ္မဂက အစ၊ WWF, WCF, Green Peace နဲ့ NGO တွေအဆုံး ထိန်းသိမ်းဖို့ အားပေးကြတဲ့ ရှားပါးမျိုးစိတ်…..

အဲ့လို ကမ္ဘာမှာရော၊ မြန်မာမှာရော အင်မတန်ရှားပါးတဲ့ လင်းပိုင်လေးတွေ မျိုးမတုံးဖို့ ဝိုင်းကူညီပေးကြပါ။ ဒီထက်ထိရောက်တဲ့ စည်းကမ်းမျိုးနဲ့ စောင့်လျှောက်နိုင်အောင် #သက်ဆိုင်ရာတာဝန်ရှိသူများကို ဝိုင်းပြောပေးကြဖို့ အနော်က မေတ္တာရပ်ခံပါတယ်။

#မျိုးတုန်းတော့မှစုတ်တသတ်သတ်နဲ့ဝမ်းနည်းနေတာထက်_မျိုးမတုန်းခင်ကာကွယ်ပေးကြဖို့တိုက်တွန်းလိုပါတယ်

#SaveIrrawaddyDolphin ဆိုပြီး ဒီ Post ကိုရှယ်တာ၊ ပြန်ကူးတင်တာမျိုးနဲ့ ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်

Myanmar expands protected area for rare Irrawaddy dolphin

#crd
#plz share ပေးကြပါ

Facebook Comments

Burmese Online News