ကမ္ဘာ့ ဒုတိယအခက်ခဲဆုံး အဘိဝံသစာမေးပွဲမှာ ပထမရပြီး ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ဆရာတော်

ကမ္ဘာ့ဒုတိယအခက်ဆုံးလို့ ဆိုနိုင်တဲ့ သကျသီဟ အဘိဝံသ စာမေးပွဲမှာ ပထမဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ဘုန်းဘုန်းအရှင်သောပါကာဘိဝံသ အကြောင်း ပရိသတ်ကြီးတို့ကို သိရှိဖူးမြော်ကြည်ညိုနိုင်အောင် ပြန်လည် ဖော်ပြပေးလိုက်တယ်နော်… တိပိဋကတ်စာမေးပွဲပြီးရင် ဒုတိယအရမ်းခက်ခဲလှပါသော သကျသီဟ အဘိဝံသစာမေးပွဲကြီးတွင် မြန်မာတစ်နိုင်ငံလုံးပထမဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းဆရာတော်ဘုရား၏တပည့်ရင်းဖြစ်သော အရှင်သောပါကာဘိဝံသ- အား ဂုဏ်ပြုပူဇော်ပါသည်။

မစိုရိမ်တိုက်သစ်ကြီး၏ နာယကတစ်ပါးဖြစ်သွားသော အရှင်သောပါကာဘိဝံသသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့ဇာတိဖြစ်ပြီး ဆယ်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးမှ သာသနာဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီးပညာသင်နှစ် (၁၀)နှစ်အတွင်း မစိုးရိမ်တိုက်သစ်နာယကအဖြစ်သို့ ရောက်ရှိသွားပါသည်။ (ဆယ်တန်းအောင်စဉ် (၁၆)နှစ် ယခု(၂၆)နှစ်)

Facebook Comments

Burmese Online News