သရုပ်ဆောင်သီဟတင်စိုးအား ငွေကြေးခြောက်လှန့်တောင်းယူသည့် အိမ်အကူ ဒေါ်ခင်မာမြင့်အား ထောင်ဒဏ် ခုနစ်နှစ် အမိန့်ချ

သရုပ်ဆောင်သီဟတင်စိုးအား ငွေကြေးခြောက်လှန့်တောင်းယူမှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် အိမ်အကူ ဒေါ်ခင်မာမြင့်အား သင်္ဃန်းကျွန်း တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချခဲ့သည်။ ထို့ပြင် ပွဲစားအမျိုးသမီးအား သင်္ဃန်းကျွန်းတရားရုံးမှ ပုဒ်မ ၃၈၉ ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

သီဟတင်စိုးရဲ့ ထွက်ဆိုချက်ကို ...

ဇူလိုင် ၃၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ အိမ်အကူ ဒေါ်ခင်မာမြင့်အား ပုဒ်မ ၂၁၁ (နစ်နာစေရန် ရည်ရွယ်၍ ပြစ်မှုကျုးလွန်သည်ဟု မမှန်မကန် စွပ်စွဲခြင်း) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး ပုဒ်မ ၃၈၉ (ခြောက်လှန့်တောင်းယူမှုကို ကျုးလွန်ရန် တစ်ဦးတစ်ယောက်သောသူအား ပြစ်မှုတစ်ခုဖြင့် စွပ်စွဲမည်ဟု ကြောက်အောင်ပြုခြင်း) အတွက် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၇ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

သရုပ်ဆောင် သီဟတင်စိုးမှာ အိမ်အကူဖြစ်သူ ခင်မာမြင့်အား သားမယားပြုကျင့်ခဲ့သည် ဟုဆိုကာ ဇူလိုင်လ ၁၄ ရက်က တိုင်တန်းခံရသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းမှ (ပ)၃၈၆/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း၊ အိမ်အကူ ခင်မာမြင့်မှာ စားဝတ်နေရေး အခက်အခဲကြောင့် ပွဲစားဖြစ်သူ ဒေါ်ညို၏ အဆက်သွယ်ဖြင့် သီဟတင်စိုး အိမ်တွင် ဇူလိုင်လ ၅ ရက်က အလုပ်စဝင်ခဲ့ကြောင်း သိရသည်။

ခင်မာမြင့်အနေနဲ့ တရားရုံးမှာ ...

ထိုသို့လုပ်ကိုင်စဉ် ပွဲစား ဒေါ်ညိုမှ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးမရှိစဉ် သီဟတင်စိုးမှ သားမယား ပြုကျင့်ခဲ့သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် သင်ပေးခဲ့ကြောင်း၊ နစ်နာမှုအတွက် ငွေကျပ် သိန်း ၁၀၀ နှင့် ညှိနှိုင်းသော်လည်း အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် တိုင်းတန်းခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုင်တန်းသဖြင့် သရုပ်ဆောင် သီဟတင်စိုးမှ အိမ်အကူဒေါ်ခင်မာမြင့်နှင့် ပွဲစားအမျိုးသမီးတို့အား ပြန်လှန်အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

တရားသူကြီး သင်တန်းတက်နေသဖြင့် အိမ် ...

Eleven

Facebook Comments

Burmese Online News