တနင်္သာရီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်၊ တောင်ပြို၊ ရေကြီးမှု ဖြစ်ပေါ်နေ

“စင်လကု”(Sinlaku) မုန်တိုင်းငယ်၏ အရှိန်ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့သလို မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းမှဒေသအချို့ တွင်လည်းရေကြီးမှု၊တောင် ပြိုမှုနှင့်သွားလာရေးလမ်းပိုင်း ပြတ်တောက်မှုများရှိခဲ့ ကြောင်း ထားဝယ်ခရိုင်နှင့် ဒေသအတွင်းမှဒေသခံပြည်သူများ၏လူမှုကွန်ရက်တွင် ယနေ့ ( သြဂုတ် ၃)နံနက်ပိုင်းဖော်ပြထားမှုအရ သိရသည်။

Image may contain: outdoor and nature, text that says "ယနေ့ သြဂုတ်၃ နံနက် နတ်တွင်းရွာ အခြေအနေ။ Photo Thiha Aung"

ထားဝယ်-တောင်သုံးလုံးလမ်းပိုင်းရှိ ဘဲမတက် တောင်တွင် တောင်ဘေးသားမြေကြီးပြိုကျမှု ဖြစ်ပွားခဲ့သလို တနင်္သာရီမြို့ အဝင်ရှိ နဂါးရုပ်သည်လည်း လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုလဲကျခဲ့သည်။ ထို့ အတူ အချို့ သော ကျေးရွာများတွင် ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည်ကို ဒေသခံများ၏ ဓါတ်ပုံ မှတ်တမ်းများအရ တွေ့ ရှိရသည်။

Image may contain: house, sky and outdoor, text that says "သြဂုတ်၃နံနက် တလိုင်းတောင်ရွာ Photo Ko Shine Htet"

လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော၊ အပူပိုင်းမုန်တိုင်းငယ် “စင်လကု”(Sinlaku) သည် လေဖိအား နည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ်ကြောင်း ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များကိုအခြေခံ၍ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သြဂုတ် ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တွင် ထုတ်ပြန်ပေးခဲ့သည်။


လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ် သော်လည်း အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိနေသည်ဟု ထူးခြားသည့်အခြေအနေတစ်ရပ်အဖြစ် ဖော်ပြထားသည်။


ယနေ့ညနေအထိ ခန့်မှန်းချက်အဖြစ် ကချင်ပြည်နယ် တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းတွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်များတွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ဒေသအလိုက် နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

Image may contain: outdoor, text and water

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ ပိုင်း)နှင့် ကယားပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ် ပြန်ပေးထားသည်။

Image may contain: one or more people, outdoor and text

Photo Creditး Original Uploader
The Ladies News

Facebook Comments

Burmese Online News