COVID-19ရောဂါကြောင့် လေးလကျော်ယာယီပိတ်ထားခဲ့ရသော ဆဒုံးမြို့နယ်ရှိ ဆဒုံးလန်နရေတံခွန်ပြန်လည်ဖွင့်လှစ်

COVID-19 ရောဂါကြောင့် လေးလ ကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ကချင်ပြည်နယ် ​ ဆဒုံးမြို့နယ်ရှိ ဆဒုံးလန်နရေတံခွန်အား ဩဂုတ် ၂ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး အပန်းဖြေလာရောက်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။

Image may contain: outdoor and nature

ဆဒုံးလန်န ရေတံခွန်သည် ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တီ ကားလမ်းဘေးတွင် ရှိပြီး ဆဒုံးမြို့မှ ၁၀ မိုင်ကျော်၊ ဝိုင်းမော်မြို့မှ မိုင် ၃၀ ကျော် ကွာဝေးသည့် ခရီးသွားအပန်း ဖြေလာရောက်ကြသည့် နေရာတစ်ခု ဖြစ်သည်။ အဆိုပါ ရေတံခွန်တွင် လာရောက်လည်ပတ် အပန်းဖြေခြင်း များအား ကိုဗစ် -၁၉ ကြောင့် ယာယီပိတ်ထားရာမှ ယခုအခါ ဆဒုံးလန်နရေတံခွန်တွင် ခရီးသွား ပြည်သူများ လာရောက်လည်ပတ်နိုင် ရန် သြဂုတ် ၂ ရက် နံနက် ၉ နာရီမှ စ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

Image may contain: one or more people, outdoor, water and nature

ဆဒုံးလန်နရေတံခွန်တွင် လာ ရောက်လည်ပတ်ကြမည့် ခရီးသွား ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာ ရေးလမ်းညွှန်ချက်များနှင့် အညီ ရေတံခွန်အဝင်ပေါက်တွင် ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်​​ခြင်း၊ ခရီးသွား မှတ်တမ်းများ ရေးသွင်းထားခြင်း စသည့် ကိုဗစ် – ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ ဆောင် ရွက်ထားကြောင်း ဆဒုံးလန်န ရေတံခွန် တာဝန်ခံ ဦးလွမ်းဒေါင်ထံမှ သိရသည်။

Image may contain: mountain, sky, cloud, outdoor and nature

Credit

Facebook Comments

Burmese Online News