“က်ေနာ့္မွာ စည္းလုံးေစခ်င္တဲ့ စိတ္ပဲ ရွိပါတယ္”လို႔ ယုန္ေလး ေျပာ

အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သူများထဲမှ တဦးကိုတော့ အဆိုတော် ယုန်လေးက အခုလိုပဲ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

“လူနာမည် မထည့်တာ သူ့ကိုလည်း မမုန်းစေချင်လို့ပါ။ ကျနော့်မှာ စည်းလုံးစေချင်တဲ့စိတ်ပဲ ရှိပါတယ်။ သူ့လို အတွေးမျိုး အတွေးထဲကတောင် မတွေးရက်သလို အဲ့လိုအတွေးလည်း မရှိခဲ့ပါဘူး။ ကျနော်လည်း အမေစုကို ချစ်တဲ့လူပါ။ အမြဲတမ်းမျှတအောင် တွေးပါတယ်။ ဘာသာရေးဆိုလည်း ဒီအတိုင်းပါပဲ ခင်ဗျာ။ ဘာသာတိုင်းကို Respect ရှိပါတယ်။ ကျနော်တင်တဲ့ Post တွေ ကြည့်ရင် ကျနော့်စိတ်ဓာတ်ကို သိနိုင်ပါတယ်” လို့ ယုန်လေးက ပြောပါတယ်။

“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကိုတော့ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကြည့်ရှုသူ ၁၉ သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ယုန်လေးက ၂၀၁၈ ခုနှစ်၊ ၉ လပိုင်းက စတင် ရေးသားခဲ့တာဖြစ်ပြီး စာသားအပြည့်အစုံကိုတော့ ယခု ၂ လအတွင်း ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီသီချင်းလေး စရေးတာ ၁၂ ရက်၊ ၉ လ၊၂၀၁၈ ခုနှစ်ကပါ။ ပြည့်ပြည့်စုံစုံ Rap တွေ Bridge ၊ Group အတွက် CHO တွေကတော့ ဒီ ၂ လအတွင်းမှာ ဖန်တီးခဲ့ပါတယ်။ စာသားတကြောင်းတကြောင်း ရတိုင်း မျက်ရည်တွေဝဲစို့ပြီး ဖန်တီးခဲ့ပါတယ်။ သီချင်းပြီးတော့ အရုပ် ရိုက်ကူးရေးအတွက် စိတ်ကူးနဲ့ အရုပ် မြင်ပြီး စဉ်းစားချိန် မျက်ရည်တွေကျပြီး ဘာဖြစ်ဖြစ် ဒီအတိုင်း ရိုက်မယ်ဆိုပြီး အရဲစွန့် ဖန်တီးခဲ့ပါတယ်။ ဆုံးအောင် ကြည့်ပေးစေချင်ပါတယ်” လို့ ယုန်လေးက ပြောထားပါတယ်။

 

အဆိုပါ အကြောင်းအရာကိုတော့ ယုန်လေးက Music Video မတင်ခင်က သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ ရေးသားကာ ပြောပြထားတာ ဖြစ်ပါတယ်။ ဒီသီချင်းမှာ အဆိုတော်များစွာ ပါဝင်သီဆိုထားတာဖြစ်ပြီး တချို့သော အဆိုတော်များကတော့ Music Video ရဲ့အကြောင်းအရာကို သေချာ မသိရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အဆိုတော် ယုန်လေးကို ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းရာမှာလည်း လတ်တလော ဖြေကြားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

#########################

အဆိုေတာ္ ယုန္ေလး ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရိုက္ကူး ပုံေဖာ္ထားတဲ့ “ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)” Music Video ကို ယေန႕ ၾသဂုတ္လ ၄ ရက္ေန႕က အြန္လိုင္းေပၚမွာ တင္ခဲ့ရာ ပုံေဖာ္ထားတဲ့ ဇာတ္လမ္းနဲ႕ ပတ္သက္ၿပီး ေဝဖန္မႈမ်ားစြာ ႀကဳံေတြ႕ေနရပါတယ္။

အဆိုပါ အေၾကာင္းအရာနဲ႕ပတ္သက္ၿပီး ေဝဖန္ခဲ့သူမ်ားထဲမွ တဦးကိုေတာ့ အဆိုေတာ္ ယုန္ေလးက အခုလိုပဲ ျပန္လည္ တုန႔္ျပန္ခဲ့ပါတယ္။

“လူနာမည္ မထည့္တာ သူ႕ကိုလည္း မမုန္းေစခ်င္လို႔ပါ။ က်ေနာ့္မွာ စည္းလုံးေစခ်င္တဲ့စိတ္ပဲ ရွိပါတယ္။ သူ႕လို အေတြးမ်ိဳး အေတြးထဲကေတာင္ မေတြးရက္သလို အဲ့လိုအေတြးလည္း မရွိခဲ့ပါဘူး။ က်ေနာ္လည္း အေမစုကို ခ်စ္တဲ့လူပါ။ အၿမဲတမ္းမွ်တေအာင္ ေတြးပါတယ္။ ဘာသာေရးဆိုလည္း ဒီအတိုင္းပါပဲ ခင္ဗ်ာ။ ဘာသာတိုင္းကို Respect ရွိပါတယ္။ က်ေနာ္တင္တဲ့ Post ေတြ ၾကည့္ရင္ က်ေနာ့္စိတ္ဓာတ္ကို သိနိုင္ပါတယ္” လို႔ ယုန္ေလးက ေျပာပါတယ္။

“ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)” Music Video ကိုေတာ့ ၾသဂုတ္ ၄ ရက္ေန႕ မနက္ပိုင္းက “Original Gangster” Page မွာ တင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၾကည့္ရႈသူ ၁၉ သိန္းေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

ဒီသီခ်င္းကိုေတာ့ ယုန္ေလးက ၂၀၁၈ ခုႏွစ္၊ ၉ လပိုင္းက စတင္ ေရးသားခဲ့တာျဖစ္ၿပီး စာသားအျပည့္အစုံကိုေတာ့ ယခု ၂ လအတြင္း ဖန္တီးခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

“ဒီသီခ်င္းေလး စေရးတာ ၁၂ ရက္၊ ၉ လ၊၂၀၁၈ ခုႏွစ္ကပါ။ ျပည့္ျပည့္စုံစုံ Rap ေတြ Bridge ၊ Group အတြက္ CHO ေတြကေတာ့ ဒီ ၂ လအတြင္းမွာ ဖန္တီးခဲ့ပါတယ္။ စာသားတေၾကာင္းတေၾကာင္း ရတိုင္း မ်က္ရည္ေတြဝဲစို႔ၿပီး ဖန္တီးခဲ့ပါတယ္။ သီခ်င္းၿပီးေတာ့ အ႐ုပ္ ရိုက္ကူးေရးအတြက္ စိတ္ကူးနဲ႕ အ႐ုပ္ ျမင္ၿပီး စဥ္းစားခ်ိန္ မ်က္ရည္ေတြက်ၿပီး ဘာျဖစ္ျဖစ္ ဒီအတိုင္း ရိုက္မယ္ဆိုၿပီး အရဲစြန႔္ ဖန္တီးခဲ့ပါတယ္။ ဆုံးေအာင္ ၾကည့္ေပးေစခ်င္ပါတယ္” လို႔ ယုန္ေလးက ေျပာထားပါတယ္။

အဆိုပါ အေၾကာင္းအရာကိုေတာ့ ယုန္ေလးက Music Video မတင္ခင္က သူ႕ရဲ႕ လူမႈကြန္ရက္ Facebook အေကာင့္မွာ ေရးသားကာ ေျပာျပထားတာ ျဖစ္ပါတယ္။ ဒီသီခ်င္းမွာ အဆိုေတာ္မ်ားစြာ ပါဝင္သီဆိုထားတာျဖစ္ၿပီး တခ်ိဳ႕ေသာ အဆိုေတာ္မ်ားကေတာ့ Music Video ရဲ႕အေၾကာင္းအရာကို ေသခ်ာ မသိရွိခဲ့ဘူးလို႔လည္း ဆိုပါတယ္။

အဆိုေတာ္ ယုန္ေလးကို ဧရာဝတီ သတင္းဌာနက ဆက္သြယ္ ေမးျမန္းရာမွာလည္း လတ္တေလာ ေျဖၾကားဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ ျပန္လည္ ေျပာဆိုခဲ့ပါတယ္။

Facebook Comments

Burmese Online News