ရန်ကုန်တွင် တည်ဆောက်မည့် ဒေါ်လာ၂ဘီလျံတန် ဓာတ်အားပေးစီမံကိန်း ဂျပန်တင်ဒါအောင်

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေအတွက် ရန်ကုန်မြို့မှာ ဓာတ်အားပေးစက်ရုံသစ် တစ်ခုတည်ဆောက်ရန် ဂျပန်ဘက်က စီစဉ်နေပြီလို့ သိရပါတယ်။ အဆိုပါ လျှပ်စစ်ဓာတ်အား စက်ရုံကို ရန်ကုန်မြို့ သီလဝါမှာ တည်ဆောက်မှာဖြစ်ပြီး ဂျပန်ကုမ္ပဏီ သုံးခုနဲ့ ပြည်တွင်းက ဧဒင်အုပ်စု ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ယခုစက်ရုံဟာ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံအမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်ကို ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Japan and Myanmar's Toxic Friendship – The Diplomat

အခုတည်ဆောက်ဖို့စီစဉ်နေတဲ့ သဘာဝ ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံဟာ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၂၅၀ ထုတ်လုပ် ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ စီမံကိန်းကို အကောင် အထည်ဖော်တည်ဆောက်မယ့် ဂျပန်ကုမ္ပဏီတွေကတော့ Marubeni, Sumitomo Corp နဲ့ Mitsui တို့ပဲဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီတွေက သီလဝါမှာ သဘာဝဓာတ်ငွေ့ ရည်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး စီစဉ်နေတာဖြစ်ပါတယ်။ အဆိုပါ စက်ရုံလည်ပတ်ခဲ့ရင် မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ စွမ်းရည်နဲ့စတင်လည်ပတ်နိုင်မှာဖြစ်ပါတယ်လို့ သိရပါတယ်။

“ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ နှစ်ဘီလီယံတန် LNG ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ဖို့ အနိုင်ရခဲ့ပြီ”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက မှတ်ချက်ပြုထားပါတယ်။

ယခုစက်ရုံက ထုတ်လုပ်နိုင်တဲ့ဓာတ်အားဟာ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုစာ ရှိတယ် လို့လည်း ဂျပန်ကုမ္ပဏီတွေက ဆိုထားတာမို့ စီမံကိန်းပြီးစီးမယ့် ၂၀၂၅ ခုနှစ်မှာတော့ ရန်ကုန် မြို့အပါအဝင် စက်မှုလုပ်ငန်းတွေသာမက နိုင်ငံတော်ရဲ့ ဓာတ်အားစနစ်ထဲကို ဖြည့်ဆည်း ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Japan, Myanmar Eye Stronger Defense Ties – The Diplomat

Ref – SBN News, ဆွေဦးဝေ

Facebook Comments

Burmese Online News