ဘေရွတ်မြို့ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် Orient Queen အပျော်စီးသင်္ဘောကြီးနစ်မြှုပ်သွား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် Abou Merhi Group က ပိုင်ဆိုင်တဲ့ Orient Queen အပျော်စီးသင်္ဘောကြီးနစ်မြှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ သင်္ဘောကြီးပေါ်မှာရှိနေတဲ့လူနှစ်ဦးသေဆုံးခဲ့ပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့် ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့သင်္ဘောကြီးမှာ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးပြီး ရေတွေစိမ့်ဝင်လာခဲ့တာပါ။ 

အမြန်ဆုံးပြုပြင်ဖို့ကြိုးပမ်းခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဆိပ်ကမ်းမှာပဲ နစ်မြှုပ်သွားခဲ့တာဖြစ်ပါတယ်။ဘေရွတ်ဆိပ်ကမ်းမှာ အကောက်ခွန်ရုံးက သိမ်းယူထားတဲ့အမိုနီယမ်နိုက်ထရိတ်တန်ချိန် ၂၇၅၀ ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၃၅ ဦးကျော်နဲ့ဒဏ်ရာရသူ ၅၀၀၀ ကျော်ရှိနေပါပြီ။ 

လက်ဘနွန်နိုင်ငံရဲ့အတိုက်အခံဆွန်နီအဖွဲ့ Al-Mustaqbal က ပေါက်ကွဲမှုကို ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးမှုဖြစ်ဖို့နဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေ လာရောက်စစ်ဆေးဖို့တောင်းဆိုထားပေမယ့် ပြည်ထဲရေးဝန်ကြီးကတော့ လက်ဘနွန်စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ စွမ်းဆောင်ရည်ကိုယုံကြည်တာကြောင့် နိုင်ငံတကာပညာရှင်တွေလောက်အထိ မလိုအပ်ဘူးလို့ ဆိုထားကြောင်း သိရပါတယ်။

ပြည်မြန်မာ

Facebook Comments

Burmese Online News