ကိုယုန်လေး အနုပညာ အလုပ်တွေ ပြန်လည်လုပ်ခွင့် ရနိုင်ဖို့ ဝိုင်းဝန်းကူညီည ကြိုးပမ်း နေကြသူများ

ကိုယုန်လေး ဦးဆောင် ဖန်တီး ထားတဲ့ MTV ကိစ္စ နဲ့ ပတ်သတ် ပြီး ပရိသတ် များအပြင် အနုပညာ မောင်နှမ အချင်းချင်းကတောင် ရှုံ့ချသူများ ရှိနေခဲ့ပါတယ်။

ရုပ်ရှင်အစည်းအဝေးကတောင် ရာသက်ပန် ထုတ်ပါယ်တဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ သို့ပေမယ့်လည်း သူအားငယ်နေချိန်မှာ မားမားမတ်မတ် အားပေး ဝန်းရံပေးကြတဲ့ တဲ့ အနုပညာရှင်တစ်ချို့ရှိနေတယ်ဆိုတာ ယခုလို ပြောပြလာခဲ့ပါတယ်။

တော်တော်များများ ..အဆင်းဘီးတက်ပေးတဲ့ အချိန် မှာ မိတ်ဆွေ စစ် . အတု သိခွင့် ရလိမ့်ပါတယ် …ကိုအယ်ကြီး နှင့် ပါဝင် သူညီ ညီမငယ် ..အစ်ကို . အစ်မ . အမေမွှေး ဝိုင်းအားပေးသလို …မနေ့က ညနေ့က ည အထိ ကျွန်တော် အချစ်ဆုံးကောင် မြင့်မြတ် . ပြီးတော့ ကိုခင်လိုင် . ထူးခြား . Kညီ …အတူရှိ ပေးကျတယ် . နှစ်သိမ့်ပေးကျတယ် .သူရူတင် နောက်ကျရင် နောက်ကျ နိုင်တယ်။

.ရုပ်ရှင် အစည်းရုံး ကို ကျွန်တော့် အတွက် တောင်းပန်ဖို့ ဆိုပြီး အခု မနက်အစောကြီး ထပြီးကျွန်တော်ထက် ဦးအောင် .မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန် ရောက်နေကျတယ် .ဒီလို မိသားစုတွေ ရှိတာကိုက အားအရမ်း ရှိပါတယ် …Messenger ကေနေရာ . Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်း စီတိုင်းကိုလည်း ကျေးဇူး မမေ့ပါဘူး. ဘယ်လို စိတ်ခံစားမူ့ မျိုးကြုံမလဲ ဆိုတာ ခံစားဖူးတဲ့သူ … မိဘ မရှိတဲ့ လူတိုင်း ဒီသိမ်ငယ် အားငယ်စိတ်ကိုသိမှာပါ . မွေးထဲက မိဘနှစ်ပါး လုံးဆုံးတာပါ .ဘယ်ရဲမူးကြီးသား မှ မဟုတ်ပါဘူး ခင်များ .

ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်ထဲပဲ ခံယူပါရစေ. ပါဝင်ပေးသူ များ တစ်ယောက်နှင့်မှ မဆိုင်ပါ…ဆိုပြီး ယုန်လေးရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ် ။ သူများတွေအပေါ် အမြဲကူညီတတ်တဲ့ ကိုယုန်လေးအတွက် သူဒုက္ခ မရောက်နိုင်ပါဘူးနော်…။ ကံကောင်းပါစေရှင်။

Facebook Comments

Burmese Online News