ပန်းတနော်တွင် CB ဘဏ်ရှေ့တွင် လုယက်ခံရပြီး ဘဏ်မှထုတ်လာသည့်ငွေ ကျပ်သိန်း ၁၂၀ ကျော်ယူဆောင်သွား

ပန်းတနော်တွင် CB ဘဏ်ရှေ့တွင် လုယက်ခံရပြီး ဘဏ်မှထုတ်လာသည့်ငွေ ကျပ်သိန်း ၁၂၀ ကျော်ယူဆောင်သွား
=========================

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးနား၊ သီဟလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ CB ဘဏ်တွင် ယနေ့ မနက်ပိုင်း ၁၀ နာရီ ၃၀ ဝန်းကျင်ခန့်က လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဘဏ်မှထုတ်လာသည့် ငွေကျပ် သိန်း ၁၂၀ ကျော်ခန့် ယူဆောင်သွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောခွင့်ရ ထိပ်တန်းရဲအရာရှိတစ်ဦးက ” ဟုတ်ပါတယ်။ လုယက်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်” ဟု Myanmar Harp ကိုပြောသည်။

ဖြစ်စဉ်မှာ ဘဏ်တွင်းသို့ဝင်ရောက်လုယက်ခြင်းမဟုတ်ပဲ ဘဏ်မှငွေထုတ်၍ ပြန်အထွက်တွင် လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပန်းတနော်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစန်းမောင်က Myanmar Harp ကိုပြောသည်။

” ဘဏ်ထဲမှာဖြစ်တာမဟုတ်ဘူး။ ဘဏ်ရှေ့မှာဖြစ်တာ။ တစ်ယောက်တည်းလုသွားတာလို့ သိရတယ်။ ထွေအုပ်ရုံးတို့၊ အစိုးရရုံးတို့နဲ့ နီးပါတယ်။ ရဲတပ်ဖွဲကတော့ ဖမ်းဆီးနိုင်ရေး ဆက်လက်ရှာဖွေနေပါတယ်” ဟု၎င်းက ပြောသည်။
မောင်မောင်/Myanmar Harp

Facebook Comments

Burmese Online News