“မြန်မာနိုင်ငံက ဈေးပေါပေါနဲ့ ၀ယ်သွားတဲ့ လှည်းပန်းတောင်းတွေ တရုတ်ပြည်ရောက်သွားတဲ့အခါ”

အတုယူကြစေချင်ပါသည်။

ကိုယ်တေွဆီမှာတော့ အမှိုက်ဆိုပြီး ရတဲ့ဈေးနဲ့ရောင်းပေးလိုက်ကြတယ်။ (ဝယ်သူရှိလို့ ပျော်တောင်နေကြအုံးမယ်)

တီထွင်ဖန်တီးတက်သူတေွ လက်ထဲရောက်သွားတော့ အမှိုက်ကနေ ရွှေဖြစ်သွားတယ်။ မြန်မာပြည်က လှည်းပန်းတောင်းတွေ ဘာလုပ်ဖို့ ဝယ်နေကြတာလဲလို့ ရှာဖွေလိုက်တာ တွေ့သွားပါပြီ…..😢😢😢 မြန်မာပြည်တွင်းမှာ ဝယ်နေကြတာ အလွန်ဆုံးပေးရင် တစ်လုံးကို ၅၀၀၀ ပဲ…

ပန်းပုထုထားတဲ့ ပုံထဲမှာပါတဲ့ တရုတ်ငွေဈေးအရ မြန်မာငွေ ၆သိန်းမှ ၁၄ သိန်းကျော် ရှိပါတယ်…






 

လှည်းပတောင်းဆိုတာ နွားလှည်းရဲ့ ဘီးအလည်ဗဟိုမှာရှိတဲ့ လှည်း၀င်ရိုး တပ်ရတဲ့နေရာမှာရှိတာပါ..လှည်းဘီးက ဒေါက်တွေကို လှည်းပတောင်းပတ်လည်မှာ စိုက်ပြီး အပြင်ပတ်လည်က သစ်သားဂွေနဲ့ ပတ်ပတ်လည်ဆက်လိုက်မှ လှည်းဘီးတသ်ခုဖြစ်လာတာပါ မြန်မာတောင်သူတွေရဲ့ လက်ရှိအခြေအနေကတော့ အများစုမှာ နွားတွေမရှိတော့ပါဘူး…လယ်ထွန် ကောက်စိုက်၊လယ်ရိတ် စတဲ့လုပ်ငန်းတွေမှာ စက်တွေကို ငှားပြီး လုပ်နေကြတာဖြစ်ပါတယ်….နွားမရှိတော့ ရှိတဲ့လှည်းတွေကလည်းအသုံးမ၀င်တော့ပါဘူး…ပျက်ရင်လည်းမပြင်ကြတော့ပါဘူး..လှည်းတွေ ပျက်သွားတဲ့အခါ ရောင်းလို့ရတာ တွေ ဖြုတ်ရောင်းကြပါတယ်

 

လှည်းပတောင်းတွေကို ပြုလုပ်တဲ့အခါ ခိုင်ခန့်စေဖို့ ပိတောက်သားနဲ့ ပြုလုပ်ရတာဖြစ်ပါတယ်..ပိတောက်သားတွေ ဈေးကြီးတဲ့အခါ စီးပွားရေး အကွက်မြင်သူတွေက ပိတောက်သားနဲ့လုပ်ထားတဲ့ ယခုလို ပစ္စ္စည်းဟောင်းတွေကို ဈေးပေါပေါနဲ့ ၀ယ်ယူပြီး တန်ဖိုးမြငိ့ထုတ်ကုန်တွေ ပြုလုပ်ရောင်းချကြတာဖြစ်ပါတယ်

Photo – Internet

Facebook Comments

Burmese Online News