ဘေရွတ်ပေါက်ကွဲမှုအတွင်း မကြာခင်လက်ထပ်တော့မယ့် ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်

ပျက်စီးသွားခဲ့တဲ့ အိပ်မက်တစ်ခု”သူတို့မင်္ဂလာပွဲကို ၆ လပိုင်း ၆ ရက်နေ့ ၂၀၂၁ မှာ လုပ်ဖို့ စီစဉ်ထားကြတာပါ။ လက်ထပ်ပြီးရင် အတူတူနေဖို့ တိုက်ခန်းဝယ်ပြီးပြီ။ ပရိဘောဂတွေလည်းဖြည့်ပြီးပြီ။လိုအပ်တာမှန်သမျှ အကုန်စီစဉ်ထားပြီး ဘဝသစ်တစ်ခုကို အတူတူစဖို့ရည်ရွယ်ထားကြတာပါ။ ဒါပေမယ့် မင်္ဂလာပွဲလေးကို ၆ လပိုင်း ၆ ရက်နေ့ ၂၀၂၁ အစား သြဂုတ်လ ၉ ရက်နေ့ ၂၀၂၀ ကို ပြောင်းရွှေ့လိုက်တယ်။

တကယ့် မင်္ဂလာပွဲလေးအတိုင်းပဲ။ နှစ်ဖက်မိဘတွေ၊ ဧည့်သည်တွေ၊ မိတ်ဆွေတွေ လာရောက်ချီးမြှင့်ကြတယ်။ တစ်ခုပဲ။ အဖြူရောင်ဝတ်စုံနဲ့သတို့သမီးလေး မရှိတာကလွဲလို့ပေါ့။(ဘေရွတ်ပေါက်ကွဲမှုအတွင်း မကြာခင်လက်ထပ်တော့မယ့် ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်)

Facebook Comments

Burmese Online News