တောနော်ရေတံခွန်တွင် ရေကူးရာမှ ပျောက်ဆုံးနေသော တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား အလောင်းကို နှစ်ရက်အကြာတွင် ပြန်လည်တွေ့ရှိ

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့်အတွက် သူငယ်ချင်းနှင့်အတူ တော နော် ရေတံခွန်တွင် ရေသွားကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့သည့် ၁၈ နှစ်ခန့် အရွယ်မောင်ချစ်ဝင်းထွန်း(ခ) ဖိုးခွားအလောင်းကို နှစ်ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကော့ကရိတ်ခရိုင် ပုလဲဖြူလူမှု ကယ်ဆယ် ရေးအဖွဲ့မှ ကိုထိုက်က ပြည်မြန်မာကို ပြောသည်။


ယနေ့ (သြဂုတ်လ ၁၁ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် အဆိုပါကျောင်းသား၏ အလောင်းကို အဆို ပါ ရေတံခွန်အတွင်းမှပင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းမှာ သြဂုတ်လ ၉ရက် နေ့လယ် ပိုင်းအချိန် က ရေဆင်းကူးရာမှ သတ်မှတ်နယ်နမိတ်ကို ကျော်လွန်ကူးခဲ့သည့်အတွက် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။


“ကျွန်တော်တို့အလောင်းပေါ်လာတယ်ဆိုလို့ သွားပြန်ပြီးသယ်လာနေပါပြီ။ ဒီနေ့ ၁၂နာရီခွဲလောက်မှာ သူဟာသူ ပြန်ပေါ်လာတာခင်ဗျ။ ကျွန်တော်တို့သွားကယ်ဆယ်ရှာဖွေတဲ့ နေရာနားမှာဘဲ။ ကျွန်တော်တို့ ကတော့ ကော့ကရိတ်ဆေးရုံ ရင်ခွဲရုံကို ပို့မှာပေါ့” ဟု ကိုထိုက်က ရှင်းပြသည်။အဆိုပါ တောနော်ရေတံခွန်မှာ ကော့ကရိတ်မြို့မှ ဆယ်မိနစ်ခန့်သွားရပြီး မြ၀တီအာရှလမ်းမကြီး နဘေးတွင်တည်ရှိကြောင်းနှင့် ၀င်ကြေးသက်သာသည့်အတွက် ဒေသတွင်းနှင့် တစ်နိုင်ငံလုံးရှိ ခရီးသွားပြည်သူများ စည်ကားစွာလာရောက်လည်ပတ်လျှက်ရှိကြောင်း သိရသည်။

ပြည်မြန်မာ

Facebook Comments

Burmese Online News