ရုရှား Coronavirus ကာကွယ်ဆေးမှာ လူ ၃၈ ယောက်တွင်သာစမ်းသပ်ပြီး ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟုဆို

ရုရှားသတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Fontanka ရဲ့ဖော်ပြချက်အရ သမ္မတဗလာဒီမာပူတင်ရဲ့ Coronavirus ကာကွယ်ဆေးဟာ လူ ၃၈ ဦးမှာပဲစမ်းသပ်ပြီး ခွင့်ပြုပေးခဲ့တာလို့ သိရပါတယ်။သြဂုတ်လ ၁၁ ရက်မှာ ပူတင်က နှစ်လကြာစမ်းသပ်မှုတွေပြီးတဲ့နောက် Sputnik V လို့နာမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး အောက်တိုဘာလမှာ အများအပြားထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပေမယ့် WHO ကတော့ ဆေးကိုလေ့လာဆန်းစစ်ခွင့်ရဖို့ ရုရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။

Fontanka ကတော့ ၄၂ ရက်သာ လေ့လာမှုတွေလုပ်ဆောင်ခဲ့တဲ့ ကာကွယ်ဆေးဟာ ထိရောက်မှုရှိမရှိပြောလို့မရသေးဘူးလို့ ဆိုထားပါတယ်။
ပူတင်ရဲ့သမီးကိုယ်တိုင်ကာကွယ်ဆေးထိုးခံထားပြီးဖြစ်သလို ပူတင်ကလည်း သမီးဖြစ်သူမှာ Antibodies ဖြစ်ပေါ်လာကြောင်းနဲ့ အပူချိန်နည်းနည်းတက်ရုံကလွဲပြီး ဆိုးကျိုးတွေမခံစားခဲ့ရဘူးလို့ ဆိုပါတယ်။


Fontanka ကတော့ ကာကွယ်ဆးမှာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပုံမှန်မဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ခြင်းနဲ့ ဆေးထိုးထားတဲ့နေရာမှာ ယားယံခြင်းအပါအဝင် ဆိုးကျိုးတွေအများကြီးကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။ဆေးထုတ်လုပ်တဲ့ Gamaleya Research Institute က စမ်းသပ်မှုမှာ ပါဝင်သူအနည်းငယ်သာရှိခဲ့တာကြောင့် ဆိုးကျိုးတွေကိုအတိအကျမဆုံးဖြတ်နိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။


စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့အရွယ်ရောက်ပြီးလူကြီး ၃၈ ဦးမှာ ဆိုးကျိုးဖြစ်စဉ်ပေါင်း ၁၄၄ ခုရှိခဲ့တယ်လို့ Fontanka က ဆိုပါတယ်။ လက်ရှိလေ့လာမှုတွေအရ အသက် ၁၈ နှစ်အောက်နဲ့ အသက် ၆၀ ကျော်သူတွေကို ကာကွယ်ဆေးထိုးပေးမှာမဟုတ်သလို ကိုယ်ဝန်ဆောင်တွေနဲ့နို့တိုက်မိခင်တွေမှာလည်း ဆေးအသုံးမပြုဖို့ဆိုထားပါတယ်။ ကျောက်ကပ်နဲ့အသည်းရောဂါ၊ ဆီးချို၊ ဝက်ရူးပြန်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်းနဲ့ ဓာတ်မတည့်တဲ့ရောဂါတွေအပါအဝင် ရောဂါအခံရှိသူတွေမှာလည်း ကာကွယ်ဆေးကို သတိနဲ့အသုံးပြုဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

ပြည်မြန်မာ

Facebook Comments

Burmese Online News