နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ သီးသန့်တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို နေပြည်တော်ရှိ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

Image may contain: 1 person, sitting and indoor

“ရောက်တုန်းရောက်ခိုက်ပေါ့နော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ အဆိုပြုတယ်။ အဲ့ဒါကို ဒီနေ့ချိန်းပြီးတွေ့တာဖြစ်တယ်။ အဓိကအားဖြင့်ဆွေးနွေးတာကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်၊ နောက်ငြိမ်းချမ်းရေး ဒီကိစ္စတွေပါပဲ အဓိကကတော့။ အဲ့ဒါကတော့လူကြီးတွေ ပုံမှန်အစည်းအဝေး ခန်းထဲတွေ့တာထက်စာရင် အလွတ်ပေါ့နော်၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးတွေ့တယ်။ နှစ်ယောက်ပိုပြီးတော့လည်း နားလည်မှုတည်ဆောက်နိုင်မယ်။ ယုံကြည်မှုလည်း ပိုခိုင်မာလာမယ်ပေါ့။ အထူးသဖြင့်က အဲ့ဒီကိစ္စတွေပဲ ပြောကြတာပါ။”

Image may contain: 1 person, standing

ဗိုလ်ချုပ်ကြီး ယွက်ဆစ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ မကျင်းပခင် ဩဂုတ် ၁၃ ရက်နေ့မှာ ပြုလုပ်မယ့် JICM အစည်းအဝေးနဲ့ ဩဂုတ် ၁၄ ရက်တို့မှာ ပြုလုပ်မယ့် UPDJC အစည်းအဝေးတွေကိုလည်း တက်ရောက်သွားဖို့ရှိနေပါတယ်။

Image may contain: 1 person, standing and suit

ဒီဗွီဘီ

Facebook Comments

Burmese Online News