အိုဆာကာဘူတာရုံဆောက်လုပ်ရေးနေရာတွင် လူ့အရိုးစု ၁၅၀ဝမျှကို တူးဖော်တွေ့ရှိ

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရဲ့ အိုဆာကာဘူတာရုံဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာမှာ လူပေါင်း ၁၅၀၀လောက်ရဲ့ အရိုးစုတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့မြောက်ဘက်ပိုင်းမှာ အခုလိုလူ့အရိုးစုအများအပြားမြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိထားခဲ့တာလို့ အိုဆာကာမြို့အာဏာပိုင်တွေက ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒိုခေတ် (၁၆၀၃- ၁၈၆၈ခုနှစ်)အကုန်ပိုင်းနဲ့ မေဂျီခေတ် (၁၈၆၈-၁၉၁၂ခုနှစ်)အစောပိုင်းကြားကာလတုန်းက သေဆုံးသူတွေကိုမြှုပ်နှံထားခဲ့တဲ့ ရှေးဟောင်းသုသာန်မြေနေရာဖြစ်တယ်လို့ ရှေးဟောင်းသုတေသီတွေက သုံးသပ်ယူဆထားခဲ့ပါတယ်။

Image may contain: meme and text

သစ်သားအခေါင်း၊ စည်ပိုင်းပုံစံအခေါင်း၊ မြေထည်အခေါင်း စသဖြင့် အလောင်းတွေကို အခေါင်းပုံစံအမျိုးမျိုးနဲ့မြှုပ်နှံထားခဲ့တာကိုလေ့လာတွေ့ရှိရတယ်လို့ ဂျပန်အခြေစိုက် SoraNews24 သတင်းမှာဖော်ပြထားပါတယ်။ အချို့အလောင်းတွေမှာ ပုတီးကုံးတွေ၊ ဆေးတံတွေ၊ ရွှံ့ရုပ်တွေနဲ့အတူမြှုပ်နှံထားတာကိုလည်း တွေ့ရပါတယ်။ တမလွန်ဘဝကိုသွားတဲ့အခါ ဆန်ဇူမြစ်ကိုဖြတ်ကူးချိန်ကူးတို့ခအဖြစ်ပေးနိုင်စေဖို့ အလောင်းမှာအတူထည့်မြှုပ်ပေးထားတာလို့ယူဆရတဲ့ ရှေးဟောင်းဒင်္ဂါးပြားတွေကိုလည်း တွေ့ရတယ်လို့ သတင်းမှာဖော်ပြထားခဲ့ပါတယ်။

Image may contain: outdoor

ဒီသုသာန်မြေပြင်နေရာမှာပဲ အလောင်းအများအပြားကိုစုပေါင်းမြှုပ်နှံထားတဲ့ နေရာကိုလည်း ရှာတွေ့ထားခဲ့ပြီး ဒီပုဂ္ဂိုလ်တွေက ပလိပ်ကပ်ရောဂါနဲ့သေဆုံးခဲ့ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အိုဆာကာမြို့မှာတူးဖော်တွေ့ရှိထားခဲ့သမျှထဲ လူသေအများဆုံးပါရှိတဲ့ရှေးဟောင်းသုသာန်လည်းဖြစ်တယ်လို့ သတင်းမှာဖော်ပြထားခဲ့ပါတယ်။

Image may contain: outdoor

Pyi Myanmar

Facebook Comments

Burmese Online News